Thursday, July 7, 2011

ဘက်စ်ကားကြီး အပိုင်း ( ၁ )

ဘက်စ်ကားကြီး အပိုင်း ( ၁ )

မောင်ဇော်ဦး ရေးသည်။

တနေ့တ၌ ကျုန်ုပ် သည် ပျင်းပျင်းရှိသည်နှင့် မြန်မာဆိုင်ဘာဝက်ဆိုက်ပေါ်တွင် ဘူးကျနေခိုက် . .အဲ အဲ ဟုတ်ဘူး၊ မှားလို့ မှားလို့ . . အဲဒါက ဂမ္ဘီရ စာရေးဆရာ တွေသုံးတာ၊ ကျနော်သုံးလို့မရဘူး၊ ငရဲကြီးလိမ့်မယ်။ 

ပြင်ရေးမှနေ့စဉ်နေ့တိုင်း ကျနော်သည် မအားလပ်သည့်ကြားမှ မအား အားအောင် အရေးမကြီးသောအလုပ်များကို ဘေးချိတ်၍ သော်လည်းကောင်း၊ အရေးကြီးသော အလုပ်များကို နောက်ရွှေ့၍ သော်လည်းကောင်း ကမ္ဘာကျော် မြန်မာဆိုင်ဘာဝက်ဆိုက် ပေါ်တွင် ဝါသနာအလျောက် မန်ဘာများကျခဲ့သော ဘူးများကို ကောက်ယူစုဆောင်းနေခိုက် မင်ဘာတဦးဖြစ်သူ JassBeat ရေးသောပို့စ် တခုကို ဘတ်စ်ကားပေါ်မှ အတွေ့အကြုံများ ခေါင်းစဉ်အောက်တွင် အမှတ်မထင်ဖတ်မိလေတော့သည်။ သူရေးထားသော ပို့စ် ကို အောက်တွင် မူရင်းအတိုင်း ဖေါ်ပြလိုက်ရပါသော် . .

“ ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ ဆယ် နှစ်ကျော်လောက်က တွေ့ခဲ့ ဖူးတာပါ။ မင်္ဂလာဒုံ သွားတဲ့ ကားပေါ် မှာ။ ကျနော်က တတိယ ခုံတန်းလောက် မှာနေရာ ရတယ်။ ထိုင်ခုံတွေ နဲ့ ဒရိုင်ဘာကြား က ကွက်လပ်မှာတော့ လူတွေကြပ်ခဲလို့ပေါ့။ အဲဒီ လူအုပ်ရှေ့ဆုံးနားလောက် မှာ ခပ်ချောချော ခပ်တောင့်တောင့်မိန်းကလေး တယောက်ရပ်နေတယ်။ 

သူ့နောက် နားမှာတော့ ကောင်လေး တယောက် ရှိတယ်။ ထုံးစံ အတိုင်းကျနော် လဲ ကောင်မလေးကို လှမ်း လှမ်းပြီး တော့ငမ်းတာပေါ့ဗျာ။ အဲဒီလို ကြည့် နေရင်း ကြည့်နေရင်းနဲ့ ကောင်မလေး မျက် နှာ ပျက်လာပြီး ငိုမဲ့မဲ့ ဖြစ်လာတယ်။ နောက်မှာလဲ ယောက်ျားလေး တယောက်ဆိုတော့ ကျနော် လဲ အခြေအနေ ကို ရိပ်မိသွားတယ်။ဘယ်လို ကူညီရပါ့မလဲလို့ စဉ်းစား နေတုန်း မှာပဲကျနော့်လိုပဲ သူ့အခက်အခဲ ကိုလှမ်းမြင်လိုက်ပုံရတဲ့ ရှေ့ဆုံးခုံတန်းက အမျိုးသမီးကြီးတယောက်က ထရပ်လိုက်ပြီး ညီမလေးလာ လာ ဆိုပြီး သူ့နေရာ မှာထိုင်ခိုင်းလိုက်တယ်။ သူကလဲ ဆင်းရတော့မယ်လေ။

တခြားသူ နေရာဝင်မလု နိုင်အောင် ကိုယ်လုံးနဲ့ ကွယ်ပြီး ကောင်မလေးကို အတင်း ဆွဲသွင်းလိုက်တာ။ကောင်မလေး နေရာ ရသွားပြီး ကောင်လေးက လူအုပ်ရှေ့ဆုံးကို ရောက်လာတော့ ကျနောလဲ လန့်သွားတယ်။ သူ့ပုဆိုး ရှေ့ပိုင်းကြီးက ဖောင်းကြွ ချွန်ထွက်နေလိုက်တာ ကြည့်ရဲ စရာတောင် မရှိဘူး။ 

ကောင်လေးက ငယ်ပါသေးတယ်။အလွန်ဆုံးမှ အသက် ၁၆ နှစ် ၁၇ နှစ်လောက်ပဲ ရှိမယ်။ ကွယ်ထားစရာ လွယ်အိတ်တွေဘာတွေ လဲ မပါဘူး။ သူ့ အဖြစ်ကို သူလဲ သတိထားမိတော့ ရှက်စိတ် ကြောင့်ဖြစ်မယ် မျက်နှာကို ရဲတွတ်နေတာပဲ။ အပေါ်က တန်းကို လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင်ဆုပ် ပြီး ချွေးဒီးဒီး ကျနေတဲ့ မျက်နှာကို ခုထက်ထိ ပြန်မြင်ယောင်နေတယ်။တော်တော် ရှက်သွားမှာပဲ။ 

အနီး တဝိုက်က လူတွေလဲ ဒါကို မြင်ကြတာပေါ့။ သူ့ရဲ့ဖောင်းနေတာ ကြီးက အရေးထဲ မှာ မှ တော်တော် နဲ့ပြန်ကျမသွားဘူး။ သူ့ကို ကြည့်ရင်းသနားလာတယ်။ အမှန် က နီးရာ မှတ်တိုင်မှာ ဆင်းပြေးတာ သူ့ အတွက် အဆင်အပြေဆုံးပဲ။ ခုတော့ ငယ်လဲငယ်သေးတဲ့ အပြင် ရှက်စိတ်နဲ့ မွှန်ထူနေလို့လား မသိဘူးဒီတိုင်းကြီး ပေရပ်နေတယ်။ အတော်လေးကြာမှပုဆိုးဖောင်းဖောင်းကြီး ပြန်ချပ်သွားသဗျ။ 

ကျနော်ဖြင့် သူ့ကို သနားမိပါရဲ့။ သူ့ကိုကြည့်ရတာ ကောင်မလေးနောက်ကနေ တမင် အခွင့်အရေးယူတဲ့ သဘော မျိုး မဟုတ်ဘူး။ မလွှဲသာ မရှောင်သာ ကြုံလာ ရတဲ့ အခြေအနေ မှာ လူကလဲ သွေးသားတက်ခါစ အရွယ်လေး ဆိုတော့ ထိန်းမနိုင်သိမ်း မနိုင်ဖြစ်သွားရပုံပဲ။

သူ့နေရာမှာ ကျနော် ဆိုရင်လို့ တွေးမိတဲ့ အခါ ကြက်သီးတောင် ထလာတယ်။ ရှက်ရှက်နဲ့ ကားပေါ်က သေချင်သေဆိုပြီး ခုန် ချမိမလား မသိဘူး။ ကောင်မလေးကလဲ တော်တော် ကိုလန်းတာ၊ ကိုယ်လုံးကိုယ်ပေါက် ကလဲရှယ်ပဲ။

ကျနော် ဆိုလဲ စိတ်ထိန်းလို့ ရချင်မှရမယ်။ တခုတော့ ရှိတယ် ကျနော် က ဆရာ့ဆရာ တွေ ရဲ့ သွန်သင်ချက် အရ ဘတ်စ်ကား စီးတိုင်း လွယ်အိတ် တလုံး အမြဲ လွယ်ထားတယ်။ လွယ်အိတ် ယူစရာ မလိုတဲ့ခရီး ဖြစ်ရင်တောင် စာအုပ်လေး တအုပ်လောက်ထည့်ပြီး ယူသွားလိုက်တာပဲ။ ကြိုတင်ကာ ကွယ်ခြင်းကပိုစိတ်ချရတယ် မဟုတ်လား။”

ဒီပို့စ်ကို ဖတ်ရတော့ ကျနော့်စိတ်သည် ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဘတ်စ်ကားပေါ်တွင် ဖြစ်ခဲ့သာ အဖြစ်အပျက်တခုဆီသို့ ပြန်ရောက်သွားသည်နှင့်အညီ အောက်ဖေါ်ပြပါ ဇတ်လမ်းလေးအား မှတ်မိသလောက် ပြန်လည်တင်ပြလိုက်ရပါတော့သည်။

အဲလိုဖြစ်သွားတော့ ကျနော်လဲ ရှက်ရှက်နဲ့ ဘာလုပ်ရမှန်းမသိ၊ ဖြစ်ချင်တော့ ဒီနေ့မှ အတွင်းခံဘောင်းဘီကဝတ်မလာ၊ သူ့ကြောင့်ရုတ်တရက် ဖြစ်လာတဲ့ သာယာစိတ်က ချက်ချင်းမကျ၊ နောက်မှ သူ့ကြောင့် ငါ ဒီလိုဖြစ်ရတာဆိုပြီး အတင်း သာယာမှု့ကို ဒေါသ အသွင်ပြောင်းလိုက်မှ တက်နေတဲ့အရာက ကျတော်မူတော့တယ်။

ဒါတောင် သူ့ရဲ့ ကိုယ်သင်းနံ့ က ပြေးမသွားသေးဘဲ နှာဝမှာ လာကလူနေလို့ အပေါ်က လက်တန်းကို မြဲမြဲကိုင်ပြီး တရှုးရှုး နဲ့ နသိုးကြီးလို အနံ့အသက်ကို အဝေးထွက်သွားအောင် မှုတ်ထုတ်လိုက်ရတယ်။

ဟွန်း . . ဘတ်စ်ကား တသက်မစီးတော့ဘူး၊ အဲဒီတုန်းက ဆုံးဖြတ်ချက်။ကားပေါ်မှာ ဘယ်သူ့ကိုမှ မကြည့်ရ၊ဲ မှတ်တိုင်ရောက်တော့ ကမန်းကတမ်း ကားပေါ်ကပြေးဆင်းပြီးနောက်လှည့်ကြည့်လိုက်တော့ အဲဒီ မမကလဲ အနောက်က လိုက်ဆင်းလာတာ တွေ့လိုက်ရတယ်။

ပထမတော့ တော်တော် အံ့သြသင့်သွားတာပေါ့လေ၊ အဲ သူလဲ ဒီမှတ်တိုင်မှာဘဲ ဆင်းတယ်ဟ ဆိုပြီး။ပြီးတော့မှ မထူးဘူး၊ ဒီကိစ္စသူနဲ့ရှင်းရမယ်၊ တော်ကြာ ငါ့ကို နှာဘူးကြီး အခွင့်အရေးသမားဆိုပြီးသူတဖက်သတ် အထင်သေးတာတော့မခံဘူး၊ ရှက်ရှက်နဲ့ ငြိမ်နေရင် ပိုဆိုးမယ် ဆိုပြီး ရူးကြောင်ကြောင်အတွေးရလာတာနဲ့ ရှေ့ဆက်မလျှောက်ဘဲ သူအနားရောက်လာတဲ့ အထိ ရပ်စောင့်နေလိုက်တယ်၊အနားရောက်လာတော့

“ မမ”

မမက လှမ်းကြည့်တယ်၊ ဘာမှမပြော၊ ကျနော့်ကို ဖြတ်ကျော်ပြီး ဆက်လျှောက်သွားတယ်။

“ မမ”

ကမန်းကတမ်း ပြေးလိုက်ပြီး ထပ်ခေါ်လိုက်တယ်။ ဒီတော့ သူက

“ ဘာလဲ” တဲ့။

“ ဟိုလေ ကားပေါ်မှာ . . ”

“ တော်ပြီ မပြောနဲ့တော့”

“ မဟုတ်ဘူး မမ၊ အဲဒါ ကျနော် တမင်လုပ်တာမဟုတ်ပါဘူးဆိုတာ မမကိုရှင်းပြမလို့”

“ တော်ပြီ မပြောနဲ့တော့လို့ဆို”

“မပြောလို့ မဖြစ်ဘူး မမ၊ တော်ကြာ မမက ကျနော့်ကို ကို အခွင့်အရေးသမားလို့ ထင်သွားမှာပေါ့”

“ နင်တို့ ယောက်ကျားတွေဟာ အခွင့်အရေးသမား တွေဘဲဟာ”

“ ဟော . . တွေ့လား၊ မမက ကျနော့်ကို အဲလိုထင်နေပြီ၊ ကျနော် မရှင်းလို့မဖြစ်တော့ဘူး၊ ယုံချင်ယုံမယုံချင်နေ မမရာ၊ ကားက တအားကျပ်၊ မမက ကျနော့် နားအတင်းကပ်တိုးနေတော့ . . ”

“ ဟဲ့ ငါက မတိုးပါဘူး၊ ငါ့အရှေ့က ကုလားကြီးက အတင်း ကပ်လာတော့ ငါက သူနဲ့ လွတ်အောင်နင့်နားကပ်မိရက်သား ဖြစ်သွားတာ”

မမကလဲ ဝိလွတ်အောင် ပြန်ပြောပြတယ်၊

“ အင်းလေ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ မမရာ၊ မမက အတင်းကပ်လာ၊ ပြီးတော့ မမဆွတ်ထားတဲ့ ရေမွှေးကလဲအရမ်းမွှေး၊ မမ တကိုယ်လုံးကလဲကျနော့် အသားနဲ့ ထိကပ်နေတော့ . . . ”

“ ဟဲ့ တော်ပြီ တော်ပြီ”

မမက အတင်းတားတယ်။ ဒါပေမဲ့ ရပ်လို့မဖြစ် ရှင်းကိုရှင်းရမယ်၊ ဒီအတိုင်း သူထင်ချင်ရာထင်တာကို ငြိမ်ခံနေလို့မဖြစ်။

“ ကျနော်လဲ ဒီနေ့မှ အတွင်းခံ ဘောင်းဘီ ဝတ်မလာမိဘူးမမရာ၊ ဘတ်စ်ကားလဲ စီးဘို့ အစီအစဉ်မရှိပါဘူး၊အကိုတို့ လင်မယားက ပထမ ကျနော့်ကို သူတို့ကားနဲ့ လိုက်ပို့မယ်လုပ်ပြီးမှ သူတို့ ကိစ္စပေါ်လာတော့ကျနော့်ကို ဘတ်စ် ကားနဲ့ ပြန်ခိုင်း လို့ ဒီလိုဖြစ်သွားတာ”

“ ဟဲ့ ငါက တိုးတာဘဲ ထားအုံး၊ နင်က ဒီလိုဖြစ်စရာလား၊ နင်နဲ့ ငါနဲ့ ကသိတာလဲ မဟုတ်ဘဲနဲ့ ”

“ ကျနော်လဲ ဘယ်သိမလဲ၊ ခု က သူ့အလိုလို ဒီလိုဖြစ်သွားတဲ့ဟာ၊ မမလုပ်လို့ ကျနော်လဲ ကားပေါ်မှာဘယ်လောက် အရှက်ရတယ်မှတ်လဲ၊ ဟို အဒေါ်ကြီး နဲ့ ဂတုန်းနဲ့ အကိုကြီး က ကျနော့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ၊ ဘယ်လောက်ရှက်စရာကောင်းလဲ၊ အဲဒါ မမကြောင့်”

တဆက်တည်း သူ့ကိုပါ လှမ်းအပြစ်တင်လိုက်တယ်၊ ဟွန်း ဘာရမလဲ ငါဘဲ။

“ အမယ် ဘာငါ့ကြောင့်လဲ၊နင့်ဟာနင် ဖြစ်တဲ့ဟာ”

“ သူ့ဟာသူတော့ ဖြစ်မလား၊ မမ အတင်းတိုးလို့ ဖြစ်တာ၊ ကျနော်အရှက်ရတာ မမကြောင့်”

ခလေးတယောက်လို ဇွတ်အတင်း သူ့ကို အပြစ်ဖို့ တော့ သူကပြုံးတယ်။

“ ငါသိသားဘဲ၊ နင့်ကို ငါကြည့်တော့ နင်မျက်နှာကြီး နီပြီး အရမ်းရှက်နေတယ်ဆိုတာ၊ ခွိ ခွိ ကောင်းတယ်၊အဲဒါ ထချင်အုံး”

“ ဘာရီတာလဲ၊ ကျနော် တမင်မလုပ်ဘူးဆိုတာ မမသိသွားရင် ကျနော့်ကို အရှက်ရအောင် မမလုပ်တဲ့ အတွက်ပြန်တောင်းပန်”

ခပ်တည်တည် နဲ့ ကျနော်သူ့ကို ဟောက်စားလိုက်တယ်။

“ အေးပါ အေးပါ၊ အဲဒီက မောင်လေးကို အရှက်ရအောင် လုပ်မိတဲ့ အတွက် မမက တောင်းပန်ပါတယ်၊ကြေနပ်ပါတော့်နော်”

သူက ပြုံးဖြဲဖြဲ နဲ့ ကျနော် ကို ရွဲ့ပြီးတောင်းပန်စကားဆိုတယ်၊ သူလဲ အောက်ရှစ်နဲ့ မနိုင်မဲ့ အတူတူ ပြိုင်မမိုက်။

“ ကဲ မမသွားမယ်၊ ဒီလမ်းထဲမှာ မမနေတာ”

“ ကျနော်နာမည်က ဇော်ဦးတဲ့၊ ဟိုဘက်လမ်းထဲမှာနေတာ၊ မမနာမည်ကရော၊ ဒီလမ်းထဲမှာ မမကို တခါမှမတွေ့ဘူးပါဘူး”

“ ဘယ်တွေ့ဘူးမှာလဲ၊ မမ နယ်က ပြောင်းလာတာ မကြာသေးဘူး  ”

“ ဟုတ်လား မမ၊ ဒါကြောင့်မတွေ့ဘူးတာ၊ မမနာမည်ကရောဆို”

“ အကောင်စုတ်၊ ဘာလို့ပြောရမှာလဲ၊ သိချင်ရင် ကိုယ့်ဟာကိုယ် စုံစမ်း၊ မမသွားမယ်”

“ မစုံစမ်းပါဘူး၊ နေ့တိုင်း ဒီလမ်းထိပ်မှာ မမလာတာကိုစောင့်ပြီး လာမေးမယ်၊ မပြောမချင်းကိုလာမေးမယ်”

ကျနော့် အပြောကို မမက ပြုံးရင်း သူ့နေတဲ့လမ်းထဲ ဝင်သွားတယ်။မမနောက်ကျောကိုကြည့်ရင်း ကျနော့်လုံချည်က နောက်တခါက် ထပ်ဖေါင်းလာပြန်ပါရော၊ ဒီတခါ အသားချင်းထိလို့မဟုတ်၊ အကြည့်နဲ့ တင်၊ မမသိရင် ဘယ်လို ရှင်းပြရမှန်းတောင်မသိ။ကျနော်လားဖေါင်းလာတဲ့ အကောင်ကို ငုံ့ ကြည့်ပြီး စိတ်ထဲကဟောက်ထည့်လိုက်တယ်။

“ ဟာ . . ဒီကောင် . . တောက်”

ဟောက်လိုက်မှ ကိုယ်တော်က ခေါင်းငိုက်ကျသွားတယ်။ အော် မမ၊ မမ တွေးရင်းတွေးရင်း မမနဲ့ စကားပြောရတာ ပျော်သလိုလို ဖြစ်နေတာ ကိုယ့်ကိုကိုယ် သတိထားမိသွားတယ်။အမယ် သူလဲ နင်နဲ့ ငါ ပြောနေရာကနေသူ့ကိုယ်သူ ကျနော် ခေါ်သလို သံယောင်လိုက်ပြီး မမ လို့ ပြောသွားတာဘဲ။ မဆိုးဘူး၊ မဆိုးဘူး၊ ဒီကိစ္စဆက်လုပ်ရမယ်၊ကျောင်းပိတ်လို့ ဘာအလုပ်မှမရှိဘဲ အားနေတုန်း အလုပ်တခုရ နဲလား၊ ဟီး ဟီး ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်သွားတယ်။

စုံထောက်ကြီး ဦးစံရှားတောင် ကိုယ့်လောက်တော်မယ်မထင်၊ ဇော်ဦးတို့ ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ အတွက် အချက်က နံပါတ် ၁။

မနေ့က မမပြန်ရောက်တဲ့ အချိန်ကို မှန်းပြီး ဘတ်စ်ကားမှတ်တိုင်မှာ သွားစောင့်နေလိုက်တယ်။ဟုတ်တယ်လေ၊ တနေ့လုံး မမတို့လမ်းထိပ်မှာ မမထွက်လာတာကို ထိုင်ပြီး သွားစောင့်ရအောင် ကျနော်ဒီလောက် ဇွဲမကောင်း။ သူဘယ်အချိန်က ထွက်ပြီး ဘယ်ကိုသွားမှန်းမသိ၊ဒီတော့ ရှိတဲ့ ဉာဏ်နီဉာဏ်နက် နှစ်ကျပ်ခွဲသားလောက် နဲ့ ဖျစ်ညှစ်စဉ်းစားပြီး အပြန်ကို အမိဖမ်းဘို့ ကြိုးစားလိုက်တယ်။

နေ့တိုင်းသွားတဲ့ ခရီးမဟုတ်လို့ အတွက်အချက် လွဲလို့ကတော့ လမ်းထဲက ဘယ်လက်ရုံး၊ ညာလက်ရုံး တွေကိုသုံးပြီးမမတို့တလမ်းလုံး ပိုက်စိတ်တိုက် ဘို့အစီအစဉ်ကတော့ ပလန်ဘီ ပေါ့။

သိပ်ကြာကြာမစောင့်လိုက်ရ၊ ၃ စီးမြောက်လောက်မှာ ကားပေါ်က ဆင်းလာတဲ့ မမကို တွေ့လိုက်ရကတည်းကပလန်အေ နဲ့တင် ကိစ္စပြတ်ကြောင်း သိလိုက်ရတယ်။

ကားပေါ်က ဆင်းလာတဲ့ မမကို မျက်နှာချင်းဆိုင် တဲ့တဲ့က ရပ်ပြီး သွား ၃၂ ချောင်းလုံးပေါ်အောင် ဟီးကနဲဖြီးပြလိုက်တယ်။ကျနော် သွားဖြီးတာကို မမက ဘယ်လိုထင်သွားတယ်မသိ ခစ် ခစ်နဲ့ ပါးစပ်ကို လက်နဲ့ ပိတ်ပြီး ခေါင်းငုံ့ရယ်တယ်။

အနားရောက်လာတဲ့ မမကို ကျနော်က ဦးအောင် `ဘာရီတာလဲ´ လို့ ခပ်တည်တည် လှမ်းမေးရင်း မမနဲ့အတူ ဆက်လျှောက် လိုက်တယ်။မမက ဘာမှ ပြန်မပြော တခွစ် ခွစ် နဲ့ ဆက်ရီတယ်။

“ ဘာရီတာလဲဆို ”

“ ရီတာပေါ့၊ နင့်ပုံက ရီစရာ ကောင်းနေတာကိုး ”

မမအပြောကြောင့် ကျနော် ကိုယ့်ကိုကိုယ် ငုံ့ကြည့်မိတယ်။ ကမန်းကတမ်း ထွက်လာလို့ လုံချည်များ မေ့ကျန်လာသလားလို့ပေါ့၊ ဘာအပြစ်မှမတွေ့ အားလုံးအကောင်း။

“ ဘာရီစရာကောင်းလို့လဲ ”

“ နင့်ကိုနင် ဘာများမှတ်နေလို့လဲ၊ ငါ့အရှေ့ တဲ့တဲ့က ရပ်ပြီး သွားဖြီးပြနေတဲ့ဟာ၊ ရီစရာကောင်းတာပေါ့ ”

“ မမကလဲ၊ ဒါ လူမှု့ရေး အရ မမကို အပြုံးနဲ့ နှုတ်ဆက်တာလေ၊ ဒါတောင်မသိဘူးလား ”

“ ခစ် ခစ် နင် အပြုံက တိရိစ္ဆာန် ရုံက လူဝံကြီး သွားဖြီးပြနေသလိုဘ၊ဲ ရီစရာ ကောင်းနေလို့ပေါ့ ”

ဒီတော့မှ ကျနော် သဘောပေါက်သွားပြီး၊

“ ဟုတ်လား၊ ဒါဆို နောက်တခေါက်ဆို မမကို သွားမဖြီးပြတော့ဘူး၊ ငါးသလောက်ပြုံးလေးနဲ့ ဘဲ နှုတ်ဆက်တော့မယ်၊ ဟုတ်ပလား ”

“ ငါးသလောက်ပြုံး၊ ဟုတ်လား ခစ် ခစ် ပြစမ်း ပြစမ်း နင့် ငါးသလောက်ပြုံးလေး ကြည့်ရအောင် ပြစမ်း ”

မမက ကျနော်ဘက်လှည့်ပြီး ပြုံးစေ့စေ့နဲ့ ပြောတော့၊ ကျနော်က ခပ်တည်တည်နဲ့ သွားမဖေါ်ဘဲ နှုတ်ခမ်းဒေါင့်ကို အသာကွေးပြီး မထိတထိလေး ပြုံးပြလိုက်ရင်း

“ တွေ့လား ဒီလို ဒီလို၊ စိုက်မကြည့်နဲ့ ခိုက်သွားမယ် ဘာမှတ်လဲ ”

ကျနော်ပြောမှ မမက ပိုဆိုးပြီး တခစ်ခစ်နဲ့ ရယ်ပါလေရော။

“ တော်ပါတော့၊ တော်ပါတော့ နင်လုပ်တာနဲ့ ငါ ဒီမှာ အူတက်ပြီး သေတော့မယ် ခစ် ခစ် ခစ် ခစ် ”

မမက ရယ်ရင်းတန်းလန်း အတင်းတားတယ်၊ ကျနော်လဲ မမအဖြစ်ကြည့်ပြီ တဟားဟား နဲ့ ရယ်ရော၊ခနကြာတော့ မမက မျက်နှာပိုးသတ်ပြီး ခပ်တည်တည်နဲ့..

“ ခု ဘာလာလုပ်တာလဲ ”

“ မမ နာမည် လာမေးတာလေ ”

“ ဘာလုပ်မလို့လဲ ”

“ ရောင်းစားမလို့၊ အဲ သိချင်လို့ ”

ကျနော့် အပြောကို မမက မျက်စောင်းထိုးရင်း

“ ဒီနားမှာ နေပြီး ဒါလေးတောင် ကိုယ့်ဟာကိုယ် စုံစမ်းလို့ မရဘူးလား ”

“ ရတာပေါ့၊ ဒါပေမဲ့ မစုံစမ်းချင်ပါဘူး၊ မမပြောတာ ကြားချင်လို့  ”

“ ပြောကောင်း၊ နာမည်သိတော့ ဘာထူးမှာမို့လို့လဲ ခု မမ လို့ ခေါ်နေတာဘဲဟာ ”

“ ဘာထူးလဲဆိုတာ နောက်မှပြောပြမယ်၊ ခု လောလော ကျနော် သိချင်တာက တစ်၊ မမနာမည်၊

နှစ်၊ နေ့တိုင်း မမ ဘယ်သွားလဲ ဒီ ၂ ခု ”

“ အမလေးတော်၊ ပြောလိုက်မှ ပိုဆိုးနေပါလား ”

“ မဆိုးနဲ့ မဆိုးနဲ့ နောက် လာအုံးမယ်၊ ခု လောလောဆယ် ဒီ ၂ ခုထဲ အရင်ဖြေထား ”

“ အိုကေ ဒါဆို တစ်၊ ရှင်ဂွမ်းဂွိ၊ နှစ်၊ အင်္ဂလိပ်စကားပြောသင်တန်း ”

“ အိုး . . ဒါဆို မမက အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ ပါလား၊ ဒါကြောင့် မနေ့က ဘတ်စ်ကားပေါ်မှာ .. ”

“ ဟိတ် တော်၊ ဆက်မပြောနဲ့ ”

မမအဟန့်ကို ကျနော်ကပြုံးရင်း

“ မမ ”

“ ဘာလဲ ”

“ ကျနော်လဲ မမနဲ့ လိုက်ပြီး အင်္ဂလိပ်စကားပြောသင်တန်းတက်ချင်တယ် ”

ကျနော်ခြုံထွင်ကြည့်လိုက်တော့ ယုန်ကလေးက မပြေး

“ ဘာ ခုမှတက်မှာလဲ သင်တန်းကဖြင့် စတာ တပတ်ရှိပြီ၊ စောစောကတော့ မရှာဘဲနဲ့  ”

“ စောစောက အစီအစဉ်မရှိဘူး မမရဲ့၊ ခုမှ မမရဲ့ ကြိုးစားမှု့ကို အားကျတာနဲ့ လိုက်တက်ချင်တာ ”

“ တက်ချင်တက်ပေါ့၊ သင်တန်းက ၁ နာရီကနေ ၃ နာရီ၊ ၁၉ လမ်းထဲမှာ ”

“ မနက်ဖြန် မမနဲ့ အတူသွားမယ်လေ၊ အတန်းအပ်ဘို့ မမကူပေးပေါ့၊ မမဘယ်အချိန်သွားလဲ ”

“ ၁၂ နာရီ ”

“ ဒါဆို ၁၂ နာရီ မမတို့ လမ်းထိပ်က စောင့်နေမယ်လေ ”

“ အင်း၊ ဒါဆို မမသွားမယ် ”

ဆိုပြီးမမက သူ့လမ်းထဲ ဝင်ဘို့ပြင်တော့

“ မမ ”

ဆိုတော့ ဘာလဲဆိုတဲ့ သဘောနဲ့ လှမ်းကြည့်တယ်။

“ မမ စာအုပ် ကျနော့်ကို ငှားလိုက်အုံးလေ၊ တပတ်စာ လွတ်သွားတာ ကျနော် ကူးထားလိုက်မယ် ”

ရုတ်တရက် မမက မျက်နက်လေး ဒေါင့်ကပ်လို့ ခန စဉ်းစားလိုက်တယ်၊ ပြီးမှ သူ့အိပ်ထဲက စာအုပ်ကို ထုတ်ပေးတယ်။ကျနော် လှမ်းယူရင်း ကြည့်လိုက်တော့ စာအုပ်ဒေါင့်မှာ သူ့နာမည်လေး ရေးထားတာတွေ့လိုက်ရတယ်။

“ မမနာမည် ကျနော်သိပြီ ”

လို့ ပြုံးဖြီးဖြီးနဲ့ လှမ်းပြောလိုက်တော့ မမက ပြုံးပြီး မျက်စောင်းထိုးရင်း လှည့်ထွက်ဘို့ပြင်တယ်။

“ မမ ”

“ ဘာများ ကျန်ရှိတော် မူပါသေးသလဲရှင် ”

မမရဲ့ ခပ်ရွဲ့ရွဲ့လှမ်းအမေးကို

“ ဟို ဟိုလေ၊ စာကူးရင်း နားမလည်တာ ရှိရင် လှမ်းမေးဘို့ မမ ဖုံးနံပါတ်လေး ”

“ နားမလည်ရင် နားမလည်သလိုဘဲ ကူးထား၊ မနက်ဖြန်မှ ဆရာကိုမေး၊ ဟုတ်ပလား ”

“ အင်း အင်း မမ၊ ဒါပေမဲ့ ကျနော့် နံပါတ်တော့ မမယူထားလိုက်၊ အရေးပေါ်ဆက်လို့ရတာပေါ့ ”

ဆိုပြီး ကျနော့်နံပါတ်ကို ခပ်သွက်သွက် ရွတ်ပြလိုက်တယ်။

“ မမမှာ အရေးပေါ် ကိစ္စမရှိဘူး ”

“ ရှိချင်ရှိမှာပေါ့ မမရဲ့၊ ဥပမာ အိမ်သာတက်နေတုန်း ရေကုန်နေတဲ့ အခါမျိုးပေါ့၊ လှမ်းသာဆက်လိုက်မမ၊ ကျနော် ရေလာဖြည့်ပေးမယ် ”

“ ကောင်စုတ်၊ သွားတော့ ”

မမကပြုံးရင်း လှည့်မကြည့်တော့ဘဲ တန်းထွက်သွားတယ်၊မမနောက်ကျောကိုကြည့်ရင်း မမပေးခဲ့တဲ့ စာအုပ်လေးကို ရင်ခွင်ထဲ ပိုက်လိုက်တယ်။ အား နွေးသွားတာဘဲ။နမ်းကြည့်လိုက်တော့ အဲ မွှေးလဲမွှေးတယ်ဟ။ တော်သေးတယ် ဒီနေ့ အတွင်းခံဘောင်းဘီ ဝတ်လာလို့။

မေမေ့ကို မနက်ဖြန်ကစပြီး အင်္ဂလိပ်စကားပြော သင်တန်း သွားတက်မယ်ပြောပြတော့ မေမက ကျနော်ကိုရူးများရူးသွားပြီလား ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။

ကြည့်မှာပေါ့၊ တသက်နဲ့ တကိုယ် ဘယ်တုန်းကမှ ပညာကို လိုလိုလားလား ဆည်းပူး လိုစိတ်မရှိခဲ့တဲ့ သူကခုမှ ဘာဓါတ်ကြောင်ပြီး အင်္ဂလိပ်စကားပြောသင်တန်းသွားတယ်ချင်တယ်လို့ ပြောရတာလဲလို့ပေါ့။

မေမေ့အကြည့်ကို သဘောပေါက်လိုက်တဲ့ ကျနော်က မေမေ မမေးခင်..

“ မေမေကလဲ ခုခေတ်ကြီးက မေမေတို့ ငယ်ငယ်ကလို မဟုတ်တော့ဘ၊ူ နိုင်ငံတော်က တိုင်းပြည်တိုးတက်အောင် အဖက်ဖက်က ဘက်စုံဖွံ့ဖြိုးရေးတွေလုပ်ပြီး ဆောင်ရွက်နေတဲ့အချိန်မှာ စီးပွားရေးကိုလဲ တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ဆိုပြီး နိုင်ငံခြားက လုပ်ငန်းရှင်တွေကို ကျနော်တို့ တိုင်းပြည်မှာ . . .  ”

“ ဟိုး ဟိုး ငဇော် . . တော်တော့၊ တော်တော့၊ ငါ့ကို နိုင်ငံတော် ကြီးနဲ့ လာကိုင်မပေါက်နဲ့၊ ဘာလိုချင်လဲ၊ လိုရင်းနဲ့ တိုရှင်းဘဲပြော ”

ရတယ်၊ ရတယ် လိုရင်းနဲ့ တိုရှင်း ဆိုလဲ လိုရင်းနဲ့ တိုရှင်းပေါ့။

“ သင်တန်းကြေး ၅၀၀၀ ”

“ ဘာ ၅၀၀၀ တောင် ”

“ ဒါတောင် မေမေ့ကို အားနာလို့ လျော့တောင်းထားတာ၊ တကယ်တော့ သင်တန်းကြေးက ဘယ်လောက်မှန်း မသိသေးဘူး၊ ပြီးတော့ ခု သားသွားတက်မှာ အင်္ဂလိပ် စကားပြောသင်တန်းနော်၊ မြန်မာစကားပြော သင်တန်းမဟုတ်ဘူး၊အင်္ဂလိပ်စကားပြော သင်တယ်ဆိုတာ  ”

“ ရပြီ၊ ရပြီ၊ သဘောပေါက်ပြီ၊ နင့်ပုံနဲ့ လဲ မြန်မာစကားပြော သင်တန်း တက်စရာမလိုဘူး၊ ခုတောင် ဂျပိုးကိုလိပ်ဖြစ်အောင် ပြောနေတဲ့ဥစ္စာ၊ သွား အပေါ်မှာ ငါ့ပိုက်ဆံအိပ် သွားယူလာခဲ့ ”

ခပ်သွက်သွက်လေး မေမေစိတ်မပြောင်းခင် အပေါ်ထပ်ကို အပြေးတက်ပြီး ပိုက်ဆံအိပ်ယူပေးလိုက်တယ်။ဟဲ ဟဲ အိပ်ဖေါင်းနေဘို့က အရေးကြီးတယ်၊ ပရောဂျက်က နဲနဲကြီးတယ်မှုတ်လား။

ပြောထားတဲ့ အတိုင်း ၁၂ နာရီ မထိုးခင် မမ တို့ လမ်းထိပ်မှာ သွားစောင့်နေလိုက်တယ်။ သိပ်ကြာကြာ မစောင့်လိုက်ရ၊ မမထွက်လာတာ တွေ့လိုက်ရတယ်၊မျက်နှာကို အတတ်နိုင်ဆုံး ပိုးသတ်ပြီး ခပ်တည်တည်နဲ့ မမကို စောင့်နေတယ်၊အနားရောက်လာတော့ ထုံးစံအတိုင်းအတူတွဲ လျှေက်လိုက်ရင်း မမက

“ ဘာလဲ သောက်နေကျ ဆေး မသောက်လာဘူးလား၊ မျက်နှာက ပုတ်သိုးသိုးနဲ့ ”

“ ဟင် မမကို မနေ့က ပြုံးပြတော့ ရီချင်စရာကြီးဆို ”

“ ဟဲ့ ရီချင်မှာပေါ့ မနေ့က နင်ပြုံးတာ လူလိုမှ မပြုံးတာ ”

“ လူလိုပြုံးတာဘဲဟာ၊ မမဖာသာ မမ ရီပြီး ”

“ တော်ပြီ တော်ပြီ၊ ငါ့ကို ပြုံးပြစရာလဲမလိုဘူး၊ ပုတ်သိုးပြစရာလဲမလိုဘူး၊ ပုံမှန်ဘဲ ဆက်ဆံ ”

“ ဟုတ်၊ ရော့ ဒီမှာ မမစာအုပ်၊ တွေ့လား ဘာစာ သရကာ ဘာညာ ဘာမှ မပါဘူးနော်၊ သန့်သန့်လေး ”

ပြောပြောဆိုဆို သူ့စာအုပ် ကို ပြန်ပေးရင်း အထဲမှာ ဘာမှ မညှပ်ထားကြောင်း စာအုပ်ကို ခါပြလိုက်တယ်။

“ အေးပါ၊ အေးပါ၊ စာပါရင်လဲ အိမ်သာထဲရောက်သွားမှာပေါ့ ”

“ ဘာလဲ မမတို့ အိမ်သာမှာ ရေမရှိလို့လား၊ ဖုံးဆက်လိုက်လေ၊ ကျနော် လာဖြည့်ပေးမယ် ”

“ တော်စမ်းပါ ”

ပြောရင်း ကျနော်ပြန်ပေးတဲ့ စာအုပ်နဲ့ ရိုက်ဘို့ လက်ကို ရွယ်တယ်၊ ရိုက်တော့ မရိုက်။

“ မနေ့က မမကျနော့်ဆီ ဖုန်းလဲ မဆက်ဘူး ”

“ ဟောတော့် နင့်ကိုဘယ်သူက ဆက်မယ်ပြောထားလို့လဲ ”

“ မပြောထားပေမဲ့ ကျနော် ပေးတဲ့ နံပါတ် မှန်မမှန် သိအောင်တော့ဆက်ကြည့်ရမှာပေါ့ ”

“ မမှန်လဲ ဘာအရေးလဲ ဆက်ဘို့ အကြောင်းမှ မရှိတာ ”

“ အကြောင်းမရှိလို့ မဟုတ်ပါဘူး၊ ကျနော်ပေးတဲ့ နံပါတ် မမ မေ့သွားလို့ နေမှာပါ ”

“ ဘာလို့ မေ့ရမှာလဲ၊ ငါ ဒီလောက် မှတ်ဉာဏ် မနဲဘူး သိလား ”

“ မလိမ်ပါနဲ့ မမရာ၊ မေ့ရင်မေ့သွားတယ်ပြောပါ၊ ကျနော် နောက်တခါက် ထပ်ပေးမှာပေါ့၊ ဒီတခါ မမေ့အောင် စာအုပ်မှာ ရေးပေးလိုက်မယ်လေ ”

“ မမေ့ပါဘူးဆို ”

“ မမ မေ့ကို မေ့နေတာပါ၊ လောင်းမလား ”

“ မမေ့ဘူး လောင်းမယ် ဘာကြေးလဲ ”

“ လက်မောင်းကိုလက်သီးနဲ့ တချက် ထိုးကြေး ”

“ ငါ နိုင်ရင် တအားထိုးမှာနော် ”

“ ကျနော်လဲ နိုင်ရင် တအားထိုးမှာနော်၊ ဆေးရုံရောက်သွားရင် တာဝန်မယူဘူး ”

“ ထိုး၊ လောင်းမယ် ”

“ ဒါဆို ဘာလဲ ပြော ”

မမက ကျနော့်နံပါတ် အလွတ်ပြန်ရွတ်ပြတယ်၊ သူတကယ်မမေ့၊ ကျနော် ရင်ထဲမှာ တော်တော်ပျော်သွားတယ်၊ဟန်ဆောင်လို့တောင်မရ၊ မျက်နှာက ပြုံးဖြီးဖြီး

“ ဟုတ်တယ်မဟုတ်လား၊ ကဲပြော ”

“ ဟီး ဟီး ဟုတ်တယ် ”

“ ကဲ ငါနိုင်ပြီ၊ နင် သေဘို့သာပြင်ပေတော့ ”

ကြိမ်းဝါးရင်း မမက လက်သီးပြင်သည်။ ကျနော်က လက်မောင်းကိုကွေးရင်း `ကီ´ ကို စပုတ်တိုင်သာသာလက်မောင်းအိုးအတွင်း အပြည့်သွင်းပြီ ငိုမဲ့မဲ့ မျက်နှာနဲ့ အထိုးခံဘို့ ပြင်သည်။

“ ဘုတ် ”

“ အား ”

မမထိုးလိုက်တဲ့ လက်သီးဒါဏ်ကို မနာပေမဲ့ အသံကုန် အော်တော့ ဘေးနားက လူတချို့က လှည့်ကြည့်တယ်။

“ နင်းကန်အော်တာဘဲ ”

“ မမက အတင်းထိုးမယ်ဆိုတာကိုး နာမယ်ထင်တာပေါ့ ”

“ နာမယ်ထင်တာနဲ့ အော်စရာလား၊ နာရင် နာပြီးမှ အော်ပေါ့ ”

“ နာပြီးမှ အော်တော့ နာတာဘယ်ပျောက်မလဲ၊ မနာခင်အော်တော့ နာတာ သက်သာသွားတာပေါ့၊ ခု မနာတော့ဘူး ကြည့်ပါလား ”

ပြောရင် လက်ကို ကွေးချည် ဆံ့ချည် လုပ်ပြလိုက်တယ်။

“ သက်သာမှာပေါ့၊ ငါက သနားလို့ အတွင်းအားကို တဝက်လောက် လျော့ပြီးထိုးလိုက်တာကိုး ”

တယောက်တပေါက် အပြန်အလှန် တောင်စဉ်ရေမရ ပြောရင်း ဘတ်စ်ကားဆိုက်လာတယ်၊ နေ့လယ်ပိုင်းမို့လို့လားမသိ ကားက လူချောင်တယ်၊ အေးဆေး။ခနနေတော့ထိုင်နေတဲ့ အဖိုးကြီး အဖွာကြီးစုံတွဲ ဆင်းသွားလို့ လွတ်သွားတဲ့ခုံမှာ ၂ ယောက်သား ဝင်ထိုင်လိုက်တယ်။ထုံးစံအတိုင်း မူလီချောင်နေတဲ့ ကျနော့်ပါးစပ်က မမ ကိုပြောလိုက်တယ်။

“ ဒီနေရာက စုံတွဲ တွေ ထိုင်တဲ့ နေရာလား မသိဘူးနော် ”

“ ဘာလို့လဲ ”

“ တွေ့ဘူးလား၊ စောစောက အဖိုးကြီးနဲ့ အဖွားကြီး စုံတွဲ ထိုင်သွားတာလေ ”

မမဘာမှပြန်မပြော၊ အာညောင်းသွားပြီလား မသိ။ကားပေါ်က ဆင်းတော့ သင်တန်းကို လမ်းနဲနဲလျှောက်ရတယ်။ ထုံးစံအတိုင်း မြို့ထဲမှာဆိုတော့ လူရော၊ ကားရောရှုတ်ရှုတ်ထွေးထွေး၊ မမက နယ်ကလာသူမို့ထင်ပါရဲ့ ရန်ကုန်အထာ သိပ်မကြွမ်း၊ ဒါကို ကျနော်က အခွင့်ကောင်းယူပြီး မမလက်ဆွဲလို့ ကားလမ်းကို တပူပူ တပွမ်ပွမ် အော်နေတဲ့ ကားတွေကြားထဲက အတင်းဖြတ်ကူးတယ်။

မမက ဟဲ့ ဟဲ့ ဆိုပြီး ကျနော် ဆွဲရာနောက် အပြေးတပိုင်းနဲ့ လိုက်ကူးတယ်။ သင်တန်းရှိတဲ့ လမ်းထဲရောက်မှ မမက

“ ဘာလို့ ဒီလောက်လောနေတာလဲ၊ ကားရှင်းမှ ဖြေးဖြေးကူးပေါ့ ”

“ မမ ဘာသိလို့လဲ ရန်ကုန်မှာ ကားရှင်းတာ ထိုင်စောင့်နေရင် မုတ်ဆိပ်မွေး ဖြူသွားမယ် ”

“ မဖြူပါဘူး၊ မမသွားနေတာ တပတ်ရှိပြီ ”

“ အာ မမကလဲ ကားရှင်းအောင် လမ်းဘေးမှာ တမေ့တမောကြီး ထိုင်မစောင့်ချင်ပါဘူး ”

“ ငါ့ လက်လွှတ်အုံးလေ ”

မမပြောမှ ဆွဲထားတဲ့ လက်ကို ငုံ့ကြည့်ပြီး

“ အော် ဟုတ်သားဘဲ၊ မနက်က ကောက်ညင်းပေါင်းတွေ စားထားလို့ လက်က စေးကပ်ကပ်ဖြစ်ပြီး ကပ်နေတာနဲ့ တူတယ် ”

ပြောရင်း ကိုင်ထားတဲ့ လက်ကို တချက် ၂ ချက် လှုတ်ပြလိုက်တယ်။

“ တွေ့လား မကွာဘူး ”

“ ရှောက်ပြောမနေနဲ့ ဟိုမှာ သင်တန်းရောက်ပြီ လွှတ်တော့ ”

ဒီတော့မှ လက်က အော်တိုမက်တစ် ပြုတ်သွားတယ်။ထုံးစံအတိုင်း ဖေါင်တွေဖြည့် သင်တန်းကြေးတွေ ဘာတွေပေးပြီ ကျနော်လဲ မမနည်းတူ သင်တန်းသားဖြစ်သွားပါလေရော၊ ဆရာက သဘောကောင်းတယ်၊ ကျနော် သင်တန်းနောက်ကျတဲ့ အတွက် မမကို ကျနော်နဲ့ လေ့ကျင့်ဘက် အဖြစ်တွဲထားပေးတယ်။ဒီလိုဘဲ သင်တန်းမှာ ၂ နာရီလောက် အီးယောင်ဝါး ပြီးတော့

“ မမ ကြေးအိုးသောက်ဘူးလား ”

“ သောက်ဘူးတာပေါ့၊ လူကို ဘာမှတ်လို့လဲ ”

“ မှုတ်ဘူးလေ၊ ဒီတရုတ်တန်းက ကြေးအိုးကိုပြောတာ ”

“ ဘယ်ကြေးအိုးဖြစ်ဖြစ် အတူတူပါဘဲ ”

“ မတူဘူး မမရ၊ လာ သွားသောက်ရအောင်၊ ကျနော်ဝယ်တိုက်မယ် ”

“ ဘာလဲ ပိုက်ဆံပေါနေလို့လား ”

“ မပေါပါဘူး၊ သင်တန်းတက်မယ်ပြောတော့ မေမေက ဝမ်းသာပြီး ဆုချထားတာ ”

မုသားမပါ လင်္ကာမချောဆိုတာ တယ်မှန်တာဘဲ။ကြေးအိုးဆိုင်ရောက်တော့ ပွဲကြီး ၂ ပွဲ မှာလိုက်တယ်၊ မမက အတင်း၊ သူမကုန်ဘူး အသေးဘဲမှာ ဆိုတော့တိုးတိုးလေး မမကို

“ နေနေ မမ အကြီးဘဲမှာ၊ အကြီးနဲ့ အသေးက ဈေးသိပ်မကွာဘူး၊ မမ မကုန်ရင် ကျနော် ပန်းကန်ထဲ ထည့်လိုက် ”

“ လူကဖြင့် ငါးဖေါင်ရိုး၊ အစားကလဲ ကြီး၊ လေကလဲ ပေါ ”

မမက ကျနော့်ကို မဲ့ရ့ွှဲ ပြီးပြောတော့ ကျနော်က ရီပြီ

“ ဟီး ဟီး ဒီလူကိုဘဲ ခု မမ သူငယ်ချင်းအဖြစ် လက်ခံထားတယ် မှုတ်လား၊ ဟဲ ဟဲ မနက်ဖြန် ဘာဖြစ်မယ် မပြောနိုင်ဘူးနော် ”

“ ဘာဖြစ်မလဲ ဘာမှ မဖြစ်ဘူး၊ တွေ့တာမှဖြင့် ၂ ရက်နဲ့ တပိုင်း မပြည့်သေးဘူး၊ ဒါနဲ့ နေပါအုံး နင့်အသက် ဘယ်လောက်ရှိပြီလဲ ”

“ အင်း . . ၁၈၊ မမရော ”

မပြည့်သေးတာကို ပြည့်ချင်ယောင်ဆောင်ပြီး ဖြေလိုက်တယ်။

“ မမက . . အင်း . . . ၂၁ ”

သူက ကျော်နေတာကို မကျော်ချင်ယောင်ဆောင်ပြီထင်ပါ့၊ ပြိုင်မငြင်းတော့ မသိချင်ယောင်ဆောင်လိုက်တယ်။

“ ၃ နှစ်ဘဲ ကွာတာဘဲ၊ ဒါဆိုဖြစ်တယ် ”

“ ဘာဖြစ်တာလဲ ”

“ မမကလဲ ဘာမဆို ဖြစ်တာပေါ့၊ ကျနော့် အဖေနဲ့ အမေဆို ၅ နှစ်တောင်ကွာတာ ”

“ ဟုတ်လား၊ ဘယ်သူက ကြီးတာလဲ ”

“ အဖေက ”

“ အကောင်စုတ် ”

“ ဟား ဟား ဟား ဟား ”

ကြေးအိုးဆိုင်မှာ ကျနော့်ရယ်သံ နဲနဲကျယ်သွားတယ်။ မမကတော့ ပြုံးရုံဘြဲ ပုံးတယ်။ကြေးအိုးစားပြီး ထွက်လာတော့ ထုံးစံအတိုင်း ကြပ်ပြီ ဘတ်စ်ကားက၊ ညနေစောင်းပြီမို့လား။ကားမှတ်တိုင်မှာ စောင့်နေတုန်း ကြပ်ကြပ်သိပ်သိပ်နဲ့ ပြေးလာတဲ့ ကားတွေကိုကြည့်ပြီး

“ မမရေ ခါးတောင်းသာကြိုက်ထားပေတော့၊ ဒီတစီးလာရင် မမကို အတင်း တွန်းတင်လိုက်မယ် ”

လို့ အားပေးလိုက်တယ်။ဒီလိုနဲ့ နောက်တစီးအဆိုက်မှာ ကျနော် အရှေ့ကတိုးတာကို မမ အနောက်က ထပ်ချပ်မကွာ ပူးကပ်လိုက်ရင်းကားပေါ်ရောက်သွားတယ်။

အတွယ်အတာမပေးတော့ အပေါက်၀ ကလူတွေကလဲ အတင်းတိုးဝင်တာမို့ အလယ်မှ ကျနော်နဲ့ မမ လှုတ်မရ။တိုးတက်ရင်း အလည်ရောက်တော့ ကျနော်က ကိုယ်ကို လှည့်လိုက်တာမို့ မမက ကျနော့် ရင်ခွင်ထဲမှာ။ဘာမှမကြာလိုက် မမကိုယ် အိအိလေးက ကျနော့်ရင်ခွင်ထဲမှာကားလှုတ်တိုင်း လှုတ်နေတာမို့ လူကနေပေမဲ့ စိတ်က မနေ၊ အဲဒါမှ ဒုက္ခ၊ ဟိုတနေ့က သုခ ပြန်ရပြန်ပဟဲ့။

ကိုယ့်ဟာကိုယ် သာယာမှု့နဲ့ ဇိမ်ကျနေတုန်း၊ မမက ကျနော့်ကို လက်နဲ့အသာတို့ပြီး သူ့နောက်ကိုမျက်စပြစ်ပြတယ်။

လှမ်းကြည့်လိုက်တော့ မမအနောက်မှာ ကြက်သရေတုန်း တကောင်။တောက်။ သာယာမှု့လေးတောင် ဘယ်ပျောက်သွားမှန်းမသိ၊ ### ကြက်သရေတုန်း ဆိုပြီး စိတ်ထဲကအဲဒီကောင် ကို ကျိမ်ဆဲရ င်း ကြပ်ကြပ်တည်းတည်မှာဘဲ မမနဲ့ နေရာချင်းလဲဘို့ ကြိုးစားလိုက်တယ်။အတော်ဘဲ မှတ်တိုင်အဆိုက်မှာ လူတွေ လှုတ်လှုတ်ရွရွ ဖြစ်သွားတာကို အခွင့်ကောင်းယူပြီး မမနဲ့ နေရာချင်းအတင်း လဲလိုက်တယ်။ တော်သေးတယ် ခုတော့မမအနောက်မှာ အဒေါ်ကြီးတယောက်။

နေရာချင်းလဲလိုက်ပေမဲ့ မမကတော့ ကျနော့် ရင်ခွင်ထဲမှာ နေရာယူတုန်း။ရင်ခွင်ထဲက မမကို ခေါင်းငုံ့ပြီး တိုးတိုးလေး ကပ်မေးလိုက်တယ်။

“ မမ အဆင်ပြေလား ”

မမက ခေါင်းငြိမ့်ပြတယ်။အနီးကပ်မေးလိုက်မှ သင်းကနဲ ရလာတဲ့ မမကိုယ်သင်းနံ့ကြောင့် လူကထပ်မရှုဘဲ မနေနိုင်။ကားအလှုတ်မှာ မသိမသာလေး အနီးကပ် မမခေါင်းလေးကို နမ်းလိုက်တယ်။ ဟီး မွှေးလိုက်တာ။အတော်ပေါ့၊ မမခေါင်းက ကျနော့် နှာခေါင်းနားမှာဆိုတော့။

ကားလှုတ်တိုင်း အခွင့်အရေးယူလို့ မမကို ခိုးခိုးနမ်းနေတော့ အောက်က ငေါက်တောက်လေးကလဲတင်းလာတာပေါ့၊ ဒီတခါတော့ ဟိုတခါကလို သရုပ်မပျက်နိုင်၊ အောက်ခံဘောင်းဘီတင်းတင်း ဝတ်ထားတာကိုး။

အောက်ခံဘောင်းဘီ အားကိုးနဲ့ ကဲချင်တိုင်း ကဲနေရင်း ကံဆိုးချင်တော့ မှတ်တိုင်တခု ကပြန်အထွက်မှာ အဝကလူတွေ အတင်းတိုးတာနဲ့ မမ ဟန်ချက်ပျက်ပြီး ခြေတဖက်က ကျနော့် ပေါင်ကြားထဲ ဝင်လာပါရော။ “ ဟိုက်  ” စိတ်ထဲက ထအော်မိတယ်။

တင်းနေတဲ့ ငေါက်တောက်က မမပေါင်မှာ ထောက်လို့၊ကမန်းကတန်း နောက်ကို ရုန်းဘို့ကြိုးစားပေမဲ့ လူက ဘယ်လိုမှ လှုတ်မရ၊ မမလဲ ကျနော့်ပေါင်ကြားထဲဝင်နေတဲ့ ခြေထောက်ကို ပြန်ရုတ်လို့ ရဟန်မမြင်။သူလဲ သူ့ဟာနဲ့သူ ဟန်ချက်ပျက် မလဲအောင် ကျနော့် ခါးကို ဖက်ပြီး အားပြုထားထာမို့ နဂိုကကပ်ချင်ချင်ကနေ ကပ်သထက် ပိုကပ်သွားတာပေါ့။

ဂွကျပြီ၊ ဘာလုပ်ရမှန်းတောင်မသိ၊ မကြာခင်ကရထားတဲ့ ခင်မင်မှု့တော့ ပျက်တော့မှာဘဲ၊၊ မမသာ အထင်လွဲသွားလို့ကတော့ သွားပြီ၊ နဂိုကတည်းက မမနဲ့ အဲဒီကိစ္စ ဖြစ်ဘူးထားတာဆိုတော့၊ လူက တွေးရင်းနဲ့ ကြောက်လာတယ်၊မရဲတရဲ ငုံ့ကြည့်လိုက်တော့ မမက ရင်ခွင်ထဲမှာ၊ မျက်နှာကို သေချာ မမြင်ရတော့ မမ မျက်နှာမှာ ဘာအရိပ်ပေါ်နေမှန်း မှန်းလို့မရ၊ မျက်လုံးကြီးပြူးပြီး အံများကြိတ်ထားမလား မသိ၊ မျက်စိက ဘုရားတံစောင်းက ဘီလူးမကြီးကိုလှမ်းမြင်လိုက်တယ်။

မမမော့ကြည့်တော့ ကျနော်က မျက်နှာငယ်လေးနဲ့ မသိမသာခေါင်းခါပြလိုက်တယ်။ တမင်လုတ်တာ မဟုတ်ဘူး ဆိုတာကိုပြောချင်တဲ့ သဘောပေါ့၊ ဘတ်စ်ကားပေါ်မှာ ဆိုတော့မမကို အသံထွက် ရှင်းပြလို့မဖြစ်၊ ရှင်းလိုက်မှအနားကလူတွေကို ကိုယ့်အထုတ်ကိုယ်ဖြေပြသလို ဖြစ်သွားသလိုဖြစ်သွားမှလဲစိုးရသေး။ မမ နားမှလည်ရဲ့ လားမသိ။

မမလက်က ဖက်ထားတဲ့ ခါးနေရာကို လက်ညိုးနဲ့ ကုတ်ပြီး ကျနော့်ပေါင်ကြားထဲက သူ့ပေါင်ကိုမသိမသာလှုတ်ပြလိုက်တယ်၊မမရဲ့ အချက်ပြချက်ကို ကိုယ်နားလည်သလိုဘာသာပြန်လိုက်တာကတော့ နင်ဘာလုပ်နေတယ်ဆိုတာ ငါသိတယ်ပေါ့။ 

အဲ . . အဲလောက်ဘဲ ဘာသာပြန်လို့ရတယ်၊ ဆက်မလုပ်နဲ့ လို့ တားတာ ပါလား မပါလားမသိ၊ တားလဲ ကျနော်ရပ်လို့မရ၊ သူ့ဟာနဲ့ သူဖြစ်နေတဲ့ ကိစ္စ၊ ဖြုတ်ပြီး အိပ်ထဲ ကောက်ထည့်ထားလို့ ရတဲ့ ဥစ္စာမှ မဟုတ်တာ၊ ဒီကြားထဲ စပယ်ယာ ဆီက အသံက နားထဲတိုးဝင်လာတယ်။

“ မှတ်တိုင်မပါဘူး ဆရာရေ့၊ ဆက်မောင်း  ” တဲ့။

ကျနော်ဘာလုပ်ရမှန်း မသိ၊ ဘတ်စ်ကားထဲ ပြောလို့ရတဲ့ စကားတခွန်းထဲ မမနားကပ်ပြီးတိုးတိုးပြောလိုက်တယ်။

“ အဆင်ပြေလား မမ ”

မမက ကျနော့်ကို မော့ကြည့်တယ်၊ ဇောချွေးပြန်နေတဲ့ ကျနော့်ပုံကို သူကြည့်ပြီး ပြုံးတယ်။ နောက်တော့ ထုံးစံအတိုင်းခေါင်းငြိမ့်ပြတယ်။

ဝှုး . . ခုမှဘဲ ရင်ထဲက အလုံးကြီး ဝုန်းဆို ပြုတ်ကျသွားတယ်၊ ကျသွားတဲ့ အလုံးကြီးက တန်းထွက်မသွားဘဲအောက်က ဖေါင်းဖေါင်းကြီး နေရာ သွားတစ်နေလို့ ခုမှဖေါင်းဖေါင်းကြီးက ပိုဖေါင်းလာတော့တယ်၊မမကို မသိမသာလေး ရင်ခွင်ထဲ ပိုကပ်အောင် ဆွဲသွင်းလိုက်တော့ ပိုဖေါင်းလာတဲ့ ဖေါင်းဖေါင်းကြီး နဲ့ မမပေါင်အတင်းကပ်သွားတာပေါ့။

မမကို ရင်ထဲက အလုံးကြီး ကျသွားတယ်ဆိုတာ ပြချင်တဲ့ သဘောရိုးသက်သက်ပါ။ မမက သဘောမှပေါက်ရဲ့ လားမသိ၊ ပေါက်မှာပါ၊ မမကနပ်တာဘဲဟာ။ ဟုတ်တယ် ဟုတ်တယ် ပေါက်တယ်ထင်တယ်၊ခါးက သူ့လက်ညိုးလေးက လှုတ်လာတယ်။

ခုမှ လူက ရုတ်တရက် စပယ်ယာ ဖြစ်ချင်စိတ်ပေါက်သွားတယ်။ ခုနေများ ငါသာ စပယ်ယာဖြစ်လိုက်ရလို့ကတော့

“ ဂိတ်ဆုံးထိမောင်း ဆရာရေ့ ” လို့ထအော်မိမှာဘဲ။

နောက်တမှတ်တိုင် ကားဆိုက်လို့ မမက ဟန်ချက်ပြန်တဲ့သွားပေမဲ့ ပေါင်ကြားက ခြေထောက်ကိုပြန်မထုတ်တော့၊နောက်လဲ ပြန်ထိမဲ့အတူတူ မထူးတဲ့ သဘောနဲ့များ ကပ်ထားလိုက်လားမသိ၊ မမဆီက ကိုယ်သင်းနံ့လေးတွေရှုလိုက်၊ မမ အသားလေးတွေကို မထိတထိ မတော်တဆထိလိုက်၊ ပေါင်ကြားက ကောင်နဲ့ကတော့ တခါခါ နဲနဲကွာသွားလိုက်၊ ပြန်ကပ်လိုက်၊ ဟီး အရှင်လတ်လတ် ဘတ်စ်ကား ကျပ်ကျပ်ပေါ်မှာ ကျနော် နတ်ပြည် ရောက်နေတယ်။ တခါတခါ မမနဲ့ အကြည့်ချင်းဆုံ မမမျက်လုံးက ကဲရန်ကောဆိုတဲ့ အကြည့်မျိုး။ ဟုတ်တယ်ဟုတ်တယ် သေချာတယ် အဲဒီအကြည့်က စိတ်ဆိုးလို့ ကြည့်တဲ့ အကြည့်မဟုတ်။

“ နောက်တမှတ်တိုင်ဆို ဆင်းရတော့မယ်နော်  ” တဲ့။

မမဆီက သတိပေးသံကြားမှ ကျနော် နတ်ပြည်က ကမန်းကတမ်း ပြန်ဆင်းလာတယ်။ တောက် ကားကလဲမောင်းတာ မြန်လိုက်တာ၊ ဘိုးရင်းဂျက်များ မှတ်နေသလားမသိ။ကားပေါ်က ဆင်းပြီး တလှမ်း ၂ လှမ်းလောက် လျှောက်မိတော့ မမက

“ ကဲ ဘာဆင်ခြေပေးအုန်းမလဲ ”

“ ဟီး ဟီး မမကလဲ၊ ဆင်ခြေဆိုတာ မဟုတ်တာ လုပ်တဲ့ သူတွေအတွက်ပါ၊ ကျနော်က မဟုတ်တာ လုပ်တာမှမဟုတ်တာ ”

“ ဘာမဟုတ်တာ မလုပ်တာလဲ၊ ကားပေါ်မှာ လူကို တချိန်လုံး ပြစ်မှားနေပြီး ”

“ ဟီး မမကလဲ အဲဒါ ပြစ်မှားတာ မဟုတ်ပါဘူး၊ ပြစ်မှန်တာပါ ”

“ ဘာပြောတယ် ”

“ ဟီး ပြစ်မှန်တယ်လို့ပြောတာလေ မမ၊ မမစဉ်းစားကြည့်၊ တစ်၊ ကျနော် မမကို အဲလို ဖြစ်အောင် တမင်လုပ်တာမဟုတ်ဘူး၊ နှစ်၊ သဘာဝတရားကြီးက မမနဲ့ ကျနော့်ကို အဲလိုဖြစ်အောင် တွန်းပို့နေတာ၊ ဒါကြောင့် ပြစ်မှန်တယ်လို့ ပြောတာ ”

“ ဘာ သဘာဝတရားကြီးလဲ နင်နော် နင် စကားကလဲ ပေါ၊ ဆင်ခြေကလဲပေါ ”

“ မမကလဲ ကျနော် မဟုတ်တာ ပြောတာမှ မဟုတ်တာ၊ မမဘဲ သေချာစဉ်းစားကြည့်ပါအုံး၊ ပထမ မမနဲ့ ကျနော်ဘတ်စ်ကားပေါ်မှာ အဲဒီ ကိစ္စ နဲ့ ပတ်သက်ပြီး တယောက်နဲ့ တယောက် အထင်လွဲတယ်၊ အမှန်တော့ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး ရန်သူတွေဖြစ်သွားရမှာ၊ ဒါပေမဲ့ ကျနော်နဲ့မမက ရှေးဘဝက တော်စပ်လာတဲ့ ရေစက်ကြောင့်လားတော့မသိဘူး ရန်သူတွေမဖြစ်သွားဘဲ ချက်ချင်းလက်ငင်း သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီးတွေဖြစ်သွားကြတယ်မှုတ်လား၊ ရှေးဘဝက ရေစက်ဆိုတာ တော်တော်ကြောက်စရာကောင်းတယ်နော်မမ၊မယုံမရှိနဲ့၊ ရေစက်ပါရင် ဘယ်လိုမုန်းမုန်း မုန်းလို့မရဘူး၊ ရေစက်မပါလို့ကတော့ ဘယ်လို ချစ်ချစ် ချစ်လို့မရဘူးနော် မမ၊ ဟုတ်တယ်မဟုတ်လား ”

ပြောရင်းဆိုရင်း သူ့ကို စစ်ကူခေါ်လိုက်တယ်၊ စစ်ကူမလိုက် မျက်စောင်းလှမ်းထိုးတယ်။ ကျနော်မလျှော့၊

“ ခုလဲ ဒီလိုဘဲ လေ၊ သဘာဝတရားကြီးက မမနဲ့ တွေ့ရင် ကျနော် ဒီလိုဖြစ်ရမယ်လို့ သတ်မှတ်ထားလားမှမသိတာ၊ ကျနော်မလုပ်ဘဲ သူ့အလိုဖြစ်ဖြစ်လာတာလေ၊ မမတော့မသိဘူး၊ ကျနော်ကတော့ မမကိုတွေ့ကတည်းက ဟိုး . . . နှစ်ပေါင်းများစွာက ခင်ခဲ့ဘူးတဲ့ သူတယောက်လို ရင်ထဲ အသဲထဲက အူလှိုက်သဲလှိုက်ခင်သွားတာ၊ ဒါကြောင့် မမနဲ့ အတူတူ အမြဲ တတွဲတွဲ နေချင်လို့ မမတက်နေတဲ့ သင်တန်းကိုလိုက်တက်တာပေါ့။ မမကရော ကျနော့်ကို အဲလိုဘဲ ခင်တယ်မှုတ်လား ပြော ”

“ တော်တော် အပြောကောင်း၊ တောပြောင်းပြီး စကောရောင်းပါလား ”

မမက မျက်စမျက်နနဲ့ခလေးလို ပြန်ပြောတယ်။ သူ့ပုံကို ကြည့်ပြီး လက်ဆွဲလို့ ဘတ်စ်ကားပေါ် ပြန်ပြေးတက်ချင်စိတ်တောင်ပေါက်သွားတယ်။

“ ဟုတ်တယ်မဟုတ်လားမမ၊ ပြေလေ ပြောပါ ”

“ သွား မပြောဘူး၊ ကိုယ့်ဟာကိုယ် သိ ”

“ ကိုယ်ဟာကိုယ် သိဆို ကိုယ့်ဟာကိုယ် သိချင်သလို သိလိုက်မှာနော် ”

“ သိ ဗလိ ပေါ့ ”

“ ဒါဆို သိလိုက်ပြီ ကဲလာ ”

ပြောရင်းမမလက်ကို ကောက်ဆွဲလိုက်တယ်။

“ ဟဲ့ ဘယ်လိုဖြစ်နေတာလဲ၊ လမ်းလည်ခေါင်ချည်းမှာ ”

မချင့်မရဲနဲ့ ပြန်လွတ်လိုက်ရတယ်။

“ မမ ဖုန်းနံပါတ်ပေးအုံးလေ ”

“ ခု တချိန်လုံး စကားပြောနေတာ အာမညောင်းသေးဘူးလား ”

“ မညောင်းပါဘူး၊ သင်တန်းက ဆရာက မှာထားတယ်လေ၊ စကားပြော များများကျင့်တဲ့ ”

“ တကိုယ်လုံး ဉာဏ်ချည်းဘဲ၊ ဒါတောင်လူက ငါးဖေါင်ရိုးလေး မို့လို့ ”

“ ဘာ ငါးဖေါင်ရိုးလဲ၊ တွေ့လား မမထက် အရပ်လဲမြင့်တယ်၊ ကိုယ်လုံးလဲ ပိုထွားပါတယ်နော် ”

လက်နှစ်ဘက်ကို အလေးမ သမားတွေ ကိုယ်ဟန်ပြသလို ကွေးပြီး ကားပြရင်းပြောတော့ မမရယ်တယ်။

“ ပြောလေ မမနံပါတ် ”

“ အင်း . . .  ”

မမက စဉ်းစားသလိုလုပ်ပြီး

“ အပေါင်း ၃၆၂၄ ”

“ ဒါဘာလဲ မမ ”

“ မမ ဖုံးနံပါတ်ဆို ”

“ ဒါ ဖုန်းနံပါတ်မှ မဟုတ်တာ ”

“ ဟုတ်တယ်၊ ကိုယ့်ဟာကိုယ် စဉ်းစား၊ ထပ်မမေးနဲ့တော့၊ အဖြေရရင်ခေါ်၊ မရရင်မခေါ်နဲ့၊ မမသွားမယ်လမ်းထိပ်ရောက်ပြီ ”

မမက သူ့လမ်းထဲ ဝင်ဘို့ပြင်တော့

“ အော် မမ ”

“ ဘာလဲ ”

“ ကျနော်ခုမှစဉ်းစားမိတယ်၊ မမနဲ့ ကျနော် ရှေးဘ၀ ဘယ်လိုတော်ခဲ့တယ်လို့မမထင်လဲ ”

“ ဘယ်သိမလဲ ”

“ လင်မယား ဟီး ဟီး ဟုတ်မယ်နော် ”

မမက သူ့ထုံးစံအတိုင်း ကျနော့်ကို

“ ကောင်စုတ်၊ တော်တော်ရွနေ ”

ပြောရင်း လှည့်ထွက်သွားတဲ့ မမနောက်ကျောကို ကြည့်နေတဲ့ ကျနော့်မျက်ခွက်ကို ခင်ဗျားတို့မြင်ရင်ဆွဲထိုးချင်စိတ် ပေါက်သွားနိုင်တယ်။လောလောဆယ် ထိုင်ရှစ်ခိုးချင်လောက်အောင် ကျေးဇူးတင်သွားတာကတော့ ကျေးဇူးရှင် ဘတ်စ်ကားကြီးပါဘဲ။

ကျနော်ဒီလောက်မညံ့၊ မညံ့ဆို မမပေးလိုက်တဲ့ ပဟေဠိကလဲ လွယ်လို့နေမှာပေါ့။ ကမန်းကတမ်း အိမ်ပြန်ပြီးအဖြေမှန် ဟုတ်မဟုတ် စမ်းသပ်လိုက်တယ်။

ကျနော့ဖုံး နံပါတ် + မမပေးတဲ့ ဂဏန်း = မမဖုံးနံပါတ်အပေါ်က ပုံသေနည်းလေးထဲ သိတဲ့ ဂဏန်းတွေ ထည့်ကြည့်လိုက်တော့ မသိသေးတဲ့ ဂဏန်း တခုထွက်လာတယ်။ အဖြေမှန် ဟုတ်မဟုတ် ချက်ချင်းဘဲ စမ်းလိုက်တယ်။

“ တီ . . တီ . . တီ . . တီ ”

“ ဟဲလို ”

“ မမလား ”

“ အင်း ”

“ ကျနော် ဟုတ်မဟုတ် စမ်းကြည့်တာ ”

“ လူလည်၊ ခုမဆက်နဲ့၊ ကိုရီးယားကား လာတဲ့ အချိန်မှ ဆက် ”

မမက တိုးတိုးလေးပြောတယ်။

“ အင်း အင်း ”

မမဖုံးချသွားတယ်။

“ တီ . . တီ ”

ပထမတခါလို အကြာကြီး မမြည်၊ မြည်လဲမြည် ကောက်လဲကိုင်၊ ကြည့်ရတာ ဖုန်းလာတာ စောင့်နေတဲ့ပုံ၊

“ ဟဲလို ”

“ မမ ”

“ တခါတည်း နဲနဲမှ မအောက်နိုင်ဘူးလား၊ ခုဘဲ ကိုရီးယားကား စလာတာ ”

“ မမက ကိုရီယားကား လာမှ ဆက်ဆို ”

“ လာလို့ ၅ မိနစ်လောက် နေမှ ဆက်တော့ ဘာဖြစ်လ၊ဲ ခုဘဲ လာ၊ ခုဘဲ ဖုန်းမြည် ဒါနဲ့ဘဲ မေမေ ရိတ်မိသွားတော့မှာဘဲ ”

“ မရိတ်မိအောင် မမအခန်းထဲက သွားပြောလေ ”

“ ဟုတ်ကဲ့ရှင့်၊ ဟုတ်ကဲ့၊ ကျွန်မ ခုအခန်းထဲက ပြောနေပါတယ်ရှင့် ”

မမ တိုးတိုးလေးပြောတယ်၊

“ အာ မမကလဲ ကျနော်က မမအမေမရိတ်မိအောင် အကြံပေးတာပါ၊ တံခါးရော ပိတ်ထားလား မမ ”

“ အင်း ”

“ ဒါဆို ဘယ်သူမှ မကြားနိုင်ပါဘူး ”

“ ကဲ ကိုယ်တော် ဘာပြောမလို့လဲ ပြော ”

“ မမကလဲ မမကို သတိရလို့ ဆက်တာပေါ့ ”

“ သတိကလဲ ရဘဲ ရနိုင်လွန်းတယ် ”

“ မမကရော ကျနော့်ကို သတိမရဘူးလား ”

“ မရပါဘူး ”

“ မယုံပါဘူး၊ ကျနော် ခု ဖုန်းထဲက တွေ့နေရတယ်နော်၊ မလိမ်နဲ့ ၊ မရပါဘူး လို့ ပြောတဲ့ မမမျက်နှာကပြုံးဖြဲဖြဲကြီး ”

“ ကောင်စုတ် ”

“ ဘာလဲ ဟုတ်နေလို့လား ”

“ မဟုတ်ပါဘူး၊ မျက်နှာစူပုတ်ပြီး ပြောနေတာ ”

“ အဲဒါ ခက်တာပေါ့၊ မမတို့ မိန်းခလေးတွေဟာ အဲလိုဘ၊ဲ ဘယ်တော့မှ စိတ်ထဲ ရှိ တာ အမှန်အတိုင်း မပြောချင်ကြဘူး ”

“ ဘာ မမတို့ မိန်းခလေးတွေလဲ၊ နင်က မိန်းခလေးတွေအကြောင်း ဘယ်လောက်များသိလို့လဲ ”

“ လက်တွေ့ကျကျတော့ ဘယ်သိမလဲ၊ ကျနော်က မိန်းမဆိုလို့ ခုမှ မမနဲ့ စတွေ့ဘူးတဲ့ဟာ၊ စာအုပ်ထဲမှာ ဖတ်ဘူးတာကို ပြောတာပေါ့ ”

“ မယုံပါဘူးနော်၊ မတွေ့ဘူးဘဲနေမလား၊ တခါတည်း လက်သွက်ခြေသွက်နဲ့ တွေ့ကတည်းက တခါတည်းလူကို၊ မပြောလိုက်ချင်ဘူး ”

“ တကယ်မမရ၊ မမနဲ့ မတွေ့ခင်တုန်းက ကျနော် ခေါင်းကိုက်လို့ လမ်းထဲက ဗိန္တော ဆရာဆီသွားပြတာ၊ဗိန္တောဆရာကြီးက အပျိုစစ်စစ် အနံ့ကို ရှုရမယ်ပြောလိုက်လို့၊ ကျနော့် ခင်ဗျာ ဒုက္ခရောက်လိုက်တာ၊ရှုစရာ အပျိုစစ်စစ် တယောက်မှ မရှိလို့၊ ခေါင်းကိုက်တာ ၃ ရက်လောက် ခံလိုက်ရတယ် ”

“ ခစ် ခစ် ၃ ရက်ထဲလား နည်းတောင်နည်းသေးတယ် ”

“ ခုတော့ ခေါင်းဘယ်တော့မှ ကိုက်တော့မယ်မထင်ဘူး၊ ရှုစရာ မမရှိနေပြီဘဲ ”

“ အမယ် မပေးရှုပါဘူး ”

“ နောက်ကျသွားပြီ မမ၊ ကျနော်က အပြီအပြင်ကို ရှုပြီးပြီ၊ ညနေက ဘတ်စ်ကားပေါ်မှာလေ ”

“ လူဆိုး၊ တခါတည်း ဘတ်စ်ကားပေါ်မှာ လူကို သူပိုင်ပစ္စည်းကျနေတာဘဲ ”

“ မမကလဲ ဘတ်စ်ကားကလဲ အရမ်းကြပ်၊ မမကိုယ်ကလဲ အရမ်းမွှေး၊ မမတကိုယ်လုံးကလဲ ကျနော့်  ”

“ ဟိုး ဆရာကြီး ဟိုး ”

“ ဟိုး လို့မရတော့ဘူးမမ၊ ခုပြောရင်းနဲ့ ကျနော် ဘတ်စ်ကားပေါ်ကလိုမျိုးဖြစ်လာပြန်ပြီ ”

“ အမလေး၊ ဒါဆို မမကြောက်ကြောက်၊ ဖုန်းချလိုက်တော့မယ် ”

“ နေပါအုံးမမ၊ တကယ်ပြောတာမမ၊ ခု ကျနော် ရင်တွေ တအားတုန်နေပြီ၊ အောင့်ထားလို့မရတော့ဘူးမမ၊ ကျနော်မမကိုအရမ်းချစ်နေပြီ ”

“  .............  ”

မမဆီမှ ဘာသံမှ ပြန်မလာ

“ မမ မမ ဟဲလို မမ မမ ”

“ အင်း . . . ဘာလဲ ”

လေသံပျော့ပျော့လေးက ဖုန်းထဲက ထွက်လာတယ်။

“ တကယ်ပါ မမရာ၊ ကျနော် နောက်နေတာ မဟုတ်ပါဘူး၊ ကျနော် မမကို အရမ်းချစ်နေပြီ၊ မမရော ကျနော့်ကို ချစ်တယ်မှုတ်လား ”

“  .....................  ”

“ ပြောလေမမ၊ ဒီမှာ ကျနော် ရင်တွေအရမ်းတုန်နေပြီ မမရယ် ”

“ .................. ”

“ ပြောပါအုံး မမရယ်၊ ဟဲလို ဟဲလို ”

“ ကွယ်၊ မင်းနဲ့ မမ တွေ့တာဖြင့် မကြာသေးဘူး ”

“ မမကလဲ အဲဒါက အရေးမကြီးပါဘူး၊ တယောက်နဲ့ တယောက် စိတ်ထဲက ခံစားမှု့က အရေးကြီးပါတယ်၊ ခု မမစိတ်ထဲ ဘာဖြစ်နေလဲ အဲဒါလေးဘဲပြောပြ နော် မမ ”

“ ဟင်အင်း မမ မသိဘူး ”

“ သိပါတယ်၊ မမသိပါတယ်၊ ခု မမလဲ ကျနော့်လို ရင်တွေ မခုန်နေဘူးလား ”

“ ................... ”

“ ပြောလေ မမလဲ ရင်တွေ ခုန်နေတယ်မို့လား ”

“ အင်း ”

“ အဲဒါ မမလဲ ကျနော့်ကို ချစ်နေလို့ပေါ့၊ ဟုတ်တယ်မို့လားမမ၊ ချစ်နေတယ်မို့လား ”

“ သိဘူးကွာ၊ လူဆိုး လူကို အတင်းဘဲ ”

“ ပြောပါမမရယ်၊ ကျနော့်ကို ချစ်တယ်နော်၊ နော် နော် ”

“ တော်ပြီ တော်ပြီ ဖုန်းချလိုက်တော့မယ် မနက်ဖြန်မှပြောမယ် ”

“ အာ မမကလဲ မနက်ဖြန်မှ ပြောလဲ ဒီစကားလဲ၊ ခုပြောလဲ ဒီစကားဘဲဟာ၊ မမ ခုမပြောရင် ကျနော် တညလုံးအိပ်လို့ရမှာ မဟုတ်တော့ဘူး၊ ပြောပါ မမရာ နော် နော် ”

“ အာ ခုပြောရင် ယူက မမကို အထင်သေးမှာပေါ့ ”

“ မသေးပါဘူး မမကလဲ၊ အထင်တောင်ကြီးအုံးမှာ၊ ကျနော့်မမက သူချစ်နေတာကို စိတ်ထဲက မအောင့်ထားဘဲ ကျနော့်ကို ချက်ခြင်း အဖြေပေးတာဆိုပြီး ”

“ ယူက အပြောကတော့ တကယ်ကောင်း၊ အမျိုးမျိုး ပြောတတ်တယ် ”

“ အမျိုးမျိုး မပြောပါဘူးမမကလဲ၊ တမျိုးတည်းပြောတာပါ၊ ချစ်တယ်နော် မမ ”

“ ပြောပြီးရင် မမဖုံးချတော့မယ်နော် ”

“ အင်းပါ ပြောပြီးရင် မမကြိုက်တာလုပ် ”

“ ဒါဆို ပြန်မေး ”

“ မမ ”

“ အင် ”

“ ချစ်လား ”

“ အင်း ”

“ တကယ် ”

“ အင်းပေါ့ ”

“ ဘယ်လောက်ချစ် ”

“ အများကြီးချစ် ”

“ ဘယ်ထဲကချစ် ”

“ ဟောဒီထဲကချစ် ”

“ ဟင် မမကလဲ ဘယ်ထဲကလဲ ”

“ ဒီမှာလေ မမလက်ညိုးနဲ့ ထောက်ပြထားတယ်လေ ”

“ မမထောက်ပြထားတဲ့ နေရာက ဘတ်စ်ကားပေါ်မှာ ကျနော်ထောက်ထားတဲ့ နေရာလား ”

“ ခစ် ခစ် ခစ် ခစ် အင်း ”

“ ဟီး ဟီး အချစ်တွေ ဖေါင်းကြွသွားတာ၊ အဲဒီတုန်းက မမရင်တွေဘာတွေ မတုန်နေဘူးလား ”

“ တုန်တာပေါ့၊ သူသိပ်ကဲတာဘဲ၊ သူများတွေ ရိပ်မိသွားလားမသိဘူး ”

“ ဘယ်သူမှ မရိပ်မိပါဘူး၊ မမနဲ့ ကျနော်က ဒီလောက်ကပ်နေတာ၊ ဘယ်သူမှ မမြင်ဘူး ”

“ တော်သေးတာပေါ့၊ မမက ဘယ်မှ မကြည့်ရဲ့ ဘူး ”

“ ခုရော ရင်တုန်တုန်းလား မမ ”

“ သူရော ”

“ အင်း၊ ဒါပေမဲ့ အနားမှာ ကပ်ထားစရာ မမက မရှိဘူး၊ မမရော ”

“ အင်း၊ မမရင်ထဲမှာ တမျိုးဘဲ မောနေသလိုလို၊ အားမရှိတော့သလိုလိုနဲ့ ”

“ မမ ခု ကုတင်ပေါ်မှာလား ”

“ အင်း ”

“ အိပ်ပြီးပြောနေတာလား ”

“ အင်းဆို ”

“ မီးဖွင့်ထားလား မမ ”

“ အင်းပေါ့ ”

“ မီးပိတ်ထားလိုက်လေ ”

“ ခြင်ကိုက်မှာပေါ့ ”

“ ခြင်ထောင်ချထားလိုက်လေ၊ ဖုံးကို ခြင်ထောင်ထဲသွင်းထားလိုက် ”

“ ဒါဆို ခန၊ မမ အပြင်ထွက်ပြီး အခြေအနေကြည့်လိုက်အုံးမယ်၊ ပြန်လာမယ် ”

“ အင်း မမ ကျနော် စောင့်နေမယ် ”

“ ယူလဲ လုပ်စရာရှိတာ လုပ်ထားလေ ”

“ အင်း၊ ဖုန်းချပြီး ပြန်ခေါ်ရမလား ”

“ ဟင်အင်း မချနဲ့၊ ပြန်ခေါ်ရင် ဖုံးသံမြည်လိမ့်မယ်၊ ဒီအတိုင်း ဘေးချထား ”

“ အင်း ”

ဖုန်းကို ဘေးချပြီး ကမန်းကတမ်း အိပ်ယာကထလို့ မီးပြေးပိတ်တယ်၊ အရေးထဲ တင်းနေတဲ့ ဟာကြီးကြောင့်ရှုးပေါက်ချင်လို့ ပြေးပေါက်လိုက်ရသေးတယ်၊ ပြီးမှ ဖုန်းကို အိပ်ယာထဲသွင်းလို့ ကမန်းကတမ်း ခြင်ထောင်ချပြီးဟဲလို ဟဲလို ထူးကြည့်တော့ ဘာသံမှ မကြား၊ မမ မလာသေးဘူးထင်တယ်။

ခြင်ထောင်ထဲမှာ ဖုံးကို နားနားကပ်ပြီး မမအလာကို စောင့်နေရတာ ရင်ထဲ မှာ တဒုန်းဒုန်းနဲ့ လူပါ တဆတ်ဆတ်တုန်လာသလိုဘဲ။ခဏလောက်အကြာမှာတော့

“ ဟဲလို ”

မမဆီက အသံတိုးတိုးလေး ကြားလိုက်ရတယ်။

“ ဟဲလို ”

ကျနော် ဖိုသံ ပြန်ပေးလိုက်တော့ မမက

“ မေမေတို့တောင် အိပ်ကုန်ပြီသိလား ”

“ ကောင်းတာပေါ့၊ မမရော ခု အိပ်ယာပေါ်မှာလား ”

“ အင်းပေါ့၊ သူရော ”

“ အင်း၊ မမ ပျော်စရာကြီးနော်၊ ကျနော့်ရင်တွေ အရမ်းခုန်နေတယ်သိလား၊ မမရော ”

“ အင်း၊ မမလဲ အိပ်လို့မရတော့ဘူး ”

“ မမ ”

“ အင် ”

“ ချစ်လား ”

“ အင်း ချစ်ပါတယ်ဆို ”

“ မမ ”

“ အင် ”

“ မမ ခု ဘာလုပ်နေလဲ ”

“ အယ် စကားပြောနေတယ်လေ ”

“ မမကို မွှေးမွှေးပေးချင်တယ် ”

“ ပေးလေ ”

“ ပြွတ် ပြွတ်  ”

ကျနော်က ဖုန်းထဲက နှုတ်ခမ်းကို စုတ်သတ်ပြီး တပြွတ်ပြွတ်လုပ်ပြတော့

“ မမပါးကြီး ချိုင့်သွားပြီ ခစ် ခစ် ”

“ အင်းပါ ရီပါ ရီပါ၊ မနက်ဖြန်တွေ့မှ အတင်း ဖက်နမ်းပြစ်မယ် ”

“ အယ် လမ်းလယ်ခေါင်ကြီးမှာ နမ်းမယ် ”

“ ဘာဖြစ်လဲ ကိုယ့်ချစ်သူ ကိုယ်နမ်းတာဘဲ ဘယ်နေရာ နမ်းနမ်းပေါ့ ”

“ ဟင်အင်း လမ်းမကြီးမှာ မနမ်းနဲ့ကွာ မမရှက်တယ် ”

“ ဒါဆို ဘယ်မှာနမ်းရမလဲ ”

“ ဘတ်စ်ကားပေါ်မှာလေ၊ သူဒီနေ့နမ်းသလို မသိမသာလေး ”

“ အယ် မမသိတယ်ဟုတ်လား ”

“ သိတာပေါ့၊ ကားလှုတ်တာက နဲနဲ သူလှုတ်တာက များများ ဟွန်း ”

“ ဟီး ဟီး ချစ်တာကိုးလို့၊ အော် မမ ခု မမ ဘာအင်္ကျီဝတ်ထားလဲ ”

“ ညဝတ်အင်္ကျီပေါ့ ”

“ ဘယ်လိုမျိုးလေးလဲ ”

“ ဂါဝန်လို အရှည် ပွပွ ”

“ ဒါဆို ထမီ ဝတ်စရာ မလိုဘူးပေါ့ ”

“ ဟင်အင်း ခေါင်းကစွပ်လိုက်ရင် အားလုံးဖုံးသွားရော ”

“ အောက်က ဘာမှ မခံထားဘူးလား ”

“ ဟင်အင်း ”

“ ကျနော်ကြည့်ချင်လိုက်တာ ”

“ လာကြည့်လေ ”

“ တကယ်လား ခုလာခဲ့ရမလား ”

“ အင်း လာခဲ့ ဖုန်းကြိုးထဲက လာ ခစ် ခစ် ”

“ ရီမနေနဲ့၊ နောက်တွေ့မှ ကြောက်ပါပြီလို့ မအော်နဲ့ ”

“ ကြောက်ပါဘူး၊ ဘာလို့ ကြောက်ရမှာလဲ ”

“ တကယ်နော် ”

“ အင်း ကြောက်တတ်ရင် ရီးစားတောင်မထားဘူး ”

“ ဟီး ဟီး ”

“ တော်ပြီနော် အရမ်း မိုးချုပ်နေပြီသိလား ”

“ အင်း အင်း မနက်ဖြန် ၁၂ နာရီဘဲ နော် ”

“ အင်း၊ ဒါဘဲနော် ”

“ အင်း အင်း ”

မမဖုံးချသွားပေမဲ့ စိတ်က မပြေ၊ ဖုံးပြောတာနဲ့တင်အားမရတော့၊ ဒါကြောင့် ကြေးနန်းပါ မမကိုဆက်ရိုက်ပြစ်လိုက်တယ်၊ဟင်း မမလား လွတ်လွတ်လပ်လပ် တွေ့လို့ကတော့ . . ဟင်း ဟင်း ဟင်း . . ထမင်းနဲ့ ရောစားပြစ်လိုက်မယ်။

၁၂ နာရီတောင်ကျော်နေပြီ မမ မလာသေး၊ မနေ့ညကမှ ရီးစားဖြစ်ထားတာဆိုတော့ မမ နဲ့တွေ့ရင်ရေလည် ချွဲပြစ်လိုက်မယ်လို့ စိတ်ကူးနဲ့ မောင်းတင်စောင့်နေပေမဲ့ ၁၂ နာရီ ကိုကျော်လို့ ၁၀ မိနစ်လောက်စွန်းသွားတာတောင် မမအရိပ်အရောင် တောင်မမြင်ရသေး၊မမ ဘာဖြစ်လို့ နောက်ကျနေပါလိမ့်၊ လူက ဂနာမငြိမ်၊ မမ အိမ်ဘက် လျှောက်ပြီး အခြေအနေ အကဲခတ်ရင်ကောင်းမလား၊ စိတ်က ဟိုတွေးဒီတွေးနဲ့ မမတို့ လမ်းထိပ်မှာငြိမ်ငြိမ်မရပ်နိုင်ဘဲ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ စုစုပေါင်းလိုက်ရင် တမိုင်ခွဲလောက်တောင် ရှိပလား မသိဘူး။

၁၀ မိနစ်ကို နဲနဲစွန်းတော့မှာ ကမန်းကတန်းနဲ့ အပြေးတပိုင်း လာနေတဲ့ မမကိုတွေ့လိုက်ရတယ်။ ဟင် လက်ထဲမှာလဲ အိပ်လေး တလုံးနဲ့ပါလား၊ ဧကန မနေ့ညက ကျနော့်နဲ့ ဖုံးခိုးဆက်တာ မိသွားလို့ အိမ်ပေါ်ကနှင်ချလိုက်ပြီထင်တယ်၊တွေ့တွေ့ချင်း မမက

“ အမလေး တော်ပါသေးရဲ့၊ ငါက နင်မစောင့်နိုင်လို့ သွားပြီထင်တာ ”

“ မမကလဲ ဘယ်ကသွားရမှာလဲ၊ မမ မလာမချင်းစောင့်မှာပေါ့၊ စောင့်ရင်းနဲ့ ဒီလမ်းထိပ်မှာ ဓါတ်တိုင်ကြီးဖြစ်သွားပစေ၊ မမ မလာမချင်း စောင့်နေမှာ ”

မမက အပိုပြောရန်ကော ဆိုတဲ့ မျက်စောင်းနဲ့လှမ်းကြည့်ရင်း

“ ဓါတ်တိုင်ကြီး ဖြစ်သွားလို့ကတော ဓါတ်ကြိုးမသွယ်ရဘဲ ညည နှာခေါင်းကြီး မီးလင်းနေမှာ ခစ် ခစ် ”

မမက အကြောင်းသိ၊

“ ဟီး ဟီး၊ ဒါနဲ့ မမက အိပ်ကြီးနဲ့ ပါလား၊ ဘာလဲ မမကို အိမ်က နှငေချလိုက်ပြီလား ”

“ ဘာလဲ အိမ်က နှင်ချလိုက်တော့ ငါ့ကို နင့်အိမ်မှာ တင်ကျွေးထားမှာမို့လား ”

“ ဟီး မမကလဲ၊ တရုတ်ပြည် ခေါ်သွားပြီး ရောင်းစားလိုက်မှာပေါ့ ”

“ ကောင်စုတ်၊ ငါ့ကို တော်တော်ချစ်တယ် ဟုတ်လား ”

“ ချစ်တာပေါ့မမရ၊ ချစ်ရလွန်းလို့ မမကောင်းစားအောင် ဆိုပြီး ကျနော် အနစ်နာခံတာလေ ”

ပြုံးဖြဲဖြဲနဲ့ ကျနော့်နောက်ပြောတာကို မမက

“ တော်စမ်းပါ နောက်မနေနဲ့၊ အိမ်ထွက်ခါနီးမှ အရေးပေါ် ကိစ္စ ဝင်လာလို့ ”

“ ဘာဖြစ်လို့လဲ မမ ”

“ ဘာဖြစ်ရမှာလဲ ဒေါ်လေးဖုန်းဆက်တယ်၊ နယ်က သူ့ယောက်ခမကြီး ရုတ်တရက်ဆုံးသွားလို့တဲ့ အဲဒါသူတို့လင်မယား ကမန်းကတမ်း ထွက်သွားကြတယ်၊ ည သူတို့အိမ်မှာ သွားစောင့်အိပ်ရမယ် ”

“ ဟုတ်လား၊ မမ တယောက်တည်းလား ”

“ အင်း၊ မေမေက သမီး နင်ဘဲ သွားအိပ်လိုက်နော်တဲ့ ဘာညာ နဲ့ အတင်းသွားခိုင်းလို့ လူကို သူတို့ ခိုင်းစားဘို့များ မွေးထားသလားမသိဘူး၊ ဟိုဟာလဲ သမီး နင်လုပ်လိုက်နော်၊ ဒီဟာလဲ သမီး နင်လုပ်လိုက်နော်နဲ့၊ သူကျတော့ တနေ့တနေ့ ကိုရီးယားကား လာတာဘဲ ထိုင်စောင့်နေတယ်၊ ဟွန်း မပြောလိုက်ချင်ဘူး ”

မမက မကြေမနပ်နဲ့ သူ့ခံစားချက်တွေ ကျနော့်ကို ရင်ဖွင်နေတယ်၊ ကျနော်က မမရဲ့ အင်းဆိုတဲ့ တယောက်တည်း သွားအိပ်မယ် အသံကြားကတည်းက ခေါင်းထဲက ဉာဏ်နီဉာဏ်နက် နှစ်ကျပ်ခွဲသားက အပြေးကလေးအလုပ်လုပ်နေပြီ။ မမက ဆက်ပြောတယ်။

“ ဒါပေမဲ့ မဆိုးတော့မဆိုးဘူး၊ သူတို့အိမ်က ခြံလေးဝင်းလေးနဲ့ စပယ်ရှယ်လေး ဆောက်ထားတာ၊ သူ့ယောက်ကျားက ဝင်ငွေကောင်းတော့ အိမ်ထဲမှာလဲ အပြန်စားသထားတာ၊ သူခိုး ပူလို့နေမှာပေါ့၊ ဥစ္စာချောက်ပြီး ငါ့ကိုသွားအိပ်ခိုင်းတာ၊ ခုလဲ ကြည့်ပါလား ယောက်ခမ သေပြီဆိုတာနဲ့ ကမန်းကတမ်းပြေးပြီး အမွေသွားလုတာနေမှာ၊ သူတို့အိမ်မှာ ဖုန်းလဲရှိတယ်ဟ၊ ငါ နံပါတ်ပေးမယ်၊ ည နင်ဖုန်းဆက်လို့ ရတာပေါ့ ”

“ မမက ဘယ်လောက်ကြာကြာ အဲမှာ သွားနေမှာလဲ ”

“ အသုဘဆိုတော့ တပတ်လောက် နေမှာပေါ့၊ ဒီထက်ကြာချင်လဲကြာနိုင်တယ်၊ မပြောလိုက်ချင်ဘူး၊ အမွေကလဲ လုရအုံးမယ်မဟုတ်လား၊ အသုဘချ မေမေလဲ သွားမလား မသိဘူး၊ သွားချင်မှ သွားမှာပါ၊အသုဘက နယ်မှာ၊ ပြီးတော့ သူ့ညီမ ယောက်ခမ ဆိုတော့မေမေက သူနဲ့ ဆွေမျိုးတော်တာမဟုတ် ”

အဲဒီမှာ ဒိုင်းကနဲ ဉာဏ်နီဉာဏ်နက်တွေနဲ့ တွက်ချက်လိုက်တဲ့ အဖြေကို တင်ပြလိုက်တယ်။

“ မမ ”

“ အင် ဘာလဲ ”

“ အဲဒီအိမ်မှာ ကျနော်လဲ မမနဲ့ လာအိပ်မယ် ”

မမက ရုတ်တရက် ကျနော့်ကို ကြည့်တယ်၊ အဲဒီအချိန်မှာ ကျနော့်မျက်နှာက အရိုးသားဆုံး ပုံရိပ်ပေါ်အောင်အတတ်နိုင်ဆုံး ထိမ်းထားရတယ်၊ နှာခေါင်းက လင်းလုလု မီးသီးလေးကိုလဲ ကမန်းကတမ်း ပိတ်ထားလိုက်တယ်။ 

ရုပ်ရှင်ထဲကလို ကြာကူလီ သမားက မင်းသမီးနဲ့ ၂ ယောက်တည်း အခန်းထဲမှာ တွေ့တဲ့အချိန်မှာဖြစ်နေကျ မျက်နှာမျိုး အမြင်ကပ်လောက်အောင် ပြုံးဖြီးဖြီးနဲ့ ဟဲ ဟဲ ဟဲ ဟဲ ငါ့မုတ်ဆိပ်လာစွဲတဲ့ ပျားသေပေတော့ ဆိုတဲ့ ပုံမျိုးမပေါက်အောင်အတတ်နိုင်ဆုံး ဟန်ဆောင်ပြီး၊ အခက်အခဲကြားထဲက မင်းသမီးကိုမင်းသားက ဘာအကျိုးမှ မမျှော်ကိုးဘဲ အသက်စွန့် ကယ်တင်ပြီး ဒဏ်ရာတွေနဲ့ လဲနေတဲ့ အချိန်မှာ ထားရတဲ့ မျက်နှာမျိုး ပုံပေါ်အောင် အတတ်နိုင်ဆုံး ထားလိုက်တယ်။ မမက ကျနော့ကို သေချာကြည့်ပြီး

“ အမယ် ငါ့ကို လူရိုးလေး မျက်နှာပေးနဲ့ လာပြောမနေနဲ့ နင့်ဘိုက်ထဲမှာ အူဘယ်နှစ်ခွေရှိတယ်ဆိုတာ နင်ပါတဲ့ ချီးပုံကိုတောင် ကြည့်ပြောနေစရာမလိုဘူး ”

“ ဟီး ဟီး ဟီး ဟီး မမ ကလဲ၊ ကျနော်က စေတနာနဲ့ပါ ”

“ အဲဒီစေတနာ ကျမသိပါတယ်ရှင့်၊ စဉ်းစားအုံးမယ်၊ ဒီကိစ္စက ငါ့အတွက် အရေးကြီးတယ်၊ ဟိုမှာ ကားလာနေပြီ ”

ပြောပြောဆိုမှာ မှတ်တိုင်မှာ လာဆိုက်တဲ့ ဘတ်စ်ကားပြီးပေါ် ၂ ယောက်သား အပြေးအလွှားလေးတက်လိုက်တယ်၊ တောက် . . နေ့ခင်းဆို ဘတ်စ်ကားကလဲ ချောင်လိုက်တာ။ကားပေါ်က ဆင်းဆင်းချင်း

“ ပေး မမအိပ်၊ ကျနော်ဆွဲခဲ့မယ် ”

ရေလည်ဖားလိုက်တယ်၊ မမက မငြင်း လှမ်းပေးတယ်။

“ ပေါ့ပေါ့လေးပါလား ”

“ အေးပါ့၊ အရေးကြီးတာနဲ့ ညအိပ် ၀တ်တဲ့ အဝတ်အစားလောက်ဘဲ ထည့်ထားတာ၊ သူ့အဝတ်တွေ ယူ သမလိုက်မယ် ”

“ သူ့အဝတ်တွေ တော်ပါ့မလား မမရဲ့ ”

“ နင် ဘာသိလို့လဲ၊ သူက ခေတ်ဆန်တယ်ဟ၊ သူ့မှာ ဝမ်းဆိုက်ဖစ်အော တွေ တထောကြီးရှိတယ် ”

“ ညဝတ်အင်္ကျီက ညက မမပြောတဲ့ အင်္ကျီလား ”

“ အင်း၊ အဲဒါမျိုး၊ ညက ဝတ်ထားတာက မလျှော်ရသေးတော့ မယူခဲ့ဘူး၊ ခုယူခဲ့တာ ရှေ့ကွဲ ခေါင်းကစွပ်တာမဟုတ်ဘူး၊ ရင်ဘတ်ကနေ ခြေထောက်ထိ ကြယ်သီးတွေအများကြီးနဲ့ဟာ ”

“ မမ ”

ပြောရင်း မမလက်ကို အသာလှမ်းကိုင်လိုက်တယ်၊ မမက လက်ချောင်းချင်း ပြန်ဆုတ်ရင်း

“ ဘာလဲ ”

“ ကျနော် လာအိပ်မယ်နော်၊ ပျော်စရာကောင်းမှာ မမ၊ တအိမ်လုံး မမနဲ့ ကျနော် ၂ ယောက်ထဲ၊ နေချင်သလိုနေ၊ လိုက်တမ်းပြေးတမ်းကစားမလား၊ တူတူပုန်းတန်းကစားမလား၊ ကြိုက်တာ ကစားရုံဘဲ ”

“ အမယ်၊ နင်ကစားချင်တာ လင်မယား လုပ်တမ်း မဟုတ်လား၊ ဟင်း . . မသိဘူးများ မှတ်နေလား ”

“ ဟီး မမကလဲ အဲလိုမျိုး ကျနော် တခါမှ မကစားဘူးဘူး၊ ကစားကြည့်ရင် ပျော်စရာကောင်းမှာနော် မမ ”

မမက ဘာမှမပြော ဟင်းကနဲ သက်မကြီးချတယ်။

“ ဘာလဲ မမက ကြောက်နေလို့လား၊ မနေ့က ပြောတော့ မကြောက်ဘူးဆို ”

“ ဟဲ့ နင့်ကိုတော့ ဘယ်ကြောက်မလဲ၊ ငါက ငါ့ဟိုဟာကြီး နင့်ကိုပေးလိုက်ရမှာဆိုတော့ ”

မမက မျက်နှာနီနီလေးနဲ့ ကျနော့်ကို တိုးတိုးလေးကပ်ပြီး ပွင့်ပွင့်လင်းလင်းပြောတယ်။မမအပြောကို ကြည့်ပြီး ကျနော်ထပ်မတောင်းရက်တော့၊ ခေါင်းငိုက်စိုက်ချလို့ မမနဲ့ အတူလမ်းဆက်လျှောက်တယ်။လေးငါးဆယ်လှမ်းလောက်ရောက်တော့ မမက

“ အင်း၊ လာအိပ်လေ ”

ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်တဲ့ မမစကားကြောင့် ကိုယ့်နားကိုယ်တောင် ကိုယ်မယုံ၊မမကိုလှမ်းကြည့်တော့ မမမျက်နှာက ပြုံးလို့။

“ တကယ်လား မမ ”

“ အင်း၊ နင့်ကိုငါချစ်တယ်၊ ငါရူးများသွားပြီလားမသိပါဘူးဟယ်၊ တခါမှ ဒီလိုမဖြစ်ဘူးဘူး ”

“ ကျနော်လဲ မမကို အရမ်းချစ်တာဘဲ၊ စိတ်ချပါမမ၊ မမသဘောမတူတာဆို ဘာတခုမှ ကျနော်အတင်းမလုပ်ဘူး ”

“ သဘောတူတာဆို အကုန်လုပ်မယ်ပေါ့လေ ဟုတ်လား ”

“ ဟီး ဟီး အင်း ”

“ ကောင်စုတ်၊ မျက်နှာကိုက ”

“ ဟီး ဟီး ကျနော်ကတော့ ကျနော် သဘောတူတူ မတူတူ မမကို လုပ်ချင်သလို လုပ်ခွင့်ပြုပါတယ် ”

“ အေး နောက်မှ လျှာတန်းလန်းနဲ့ မမရယ် ကျနော် သေပါတော့မယ် လာမပြောနဲ ”

မမက လျှာလေးထုတ်ပြီး မဲ့ရ့ွှဲ လို့ ခေါင်းလေးတခါခါနဲ့ ကျနော့်ကို ပြောတော့

“ ဟား ဟား ဟား ဟား ”

“ ခစ် ခစ် ခစ် ခစ် ”

ဒီလောက်ရှုတ်တဲ့ လမ်းမကြီးပေါ်မှာ ကျနော်တို့ ၂ ယောက်တည်း ရှိတယ် လို့များ ထင်နေလားမသိ၊ ကျနော်နဲ့မမကတော့ ဘာမှမမြင်တော့။သိတဲ့အတိုင်း သင်တန်းမှာ ၂ နာရီလောက် အချိန်ဖြုန်းပြီးနောက်၊ပြောရရင် ဒီနေ့ ဘာသင်မှန်းတောင်မသိလိုက်၊ စိတ်က ည မမနဲ့ အတူနေဘို့အရေး တွေးရင်း ရင်ခုန်နေတာကိုး။ပြန်အဆင်းမှာ ၂ ယောက်သား အစီအစဉ်ဆွဲရ သေးတယ်။

“ မမ ကျနော် နောက်မှ တခေါက်ပြန်လာရင်ကောင်းမလား၊ ဒါမှမဟုတ် တခါတည်း မမနဲ့ လိုက်ပြီး အိမ်ကိုဖုန်းဆက် ပြောလိုက်ရင်ကောင်းမလား ”

မမက ခန စဉ်းစားပြီး

“ ဒီလိုလုပ်လေ၊ ခု မမနဲ့ တခါတည်းလိုက်ခဲ့ပြီး အိမ်လိုက်ကြည့်ထား၊ ပြီးတော့ နင်အိမ်ပြန် အကျိုးအကြောင်းပြော နင့်အဝတ်အစား နဲနဲ ယူပြီး တခါက်ပြန်လာပေါ့၊ မကောင်းဘူးလား ”

“ အိမ်ထဲမှာ ကျနော် အဝတ်ဝတ်ဘို့လိုလို့လား မမ ”

“ ကောင်စုတ်၊ ခေါင်းထဲမှာ ဒါဘဲ၊ အတန်းထဲမှာလဲ စာကိုစိတ်မဝင်စားဘူး၊ ဒါဘဲ စဉ်းစားနေတာနေမှာ ”

မမလား ဟောလိုက်ရင် ကွက်တိ၊ ဗေဒင်ဟောစားဘို့တောင် ကောင်းတယ်။

“ ဟီး ဟီး၊ နောက်ဘာလိုသေးလဲ မမ၊ လိုတာ တခါတည်း မှာလိုက်လေ၊ စားစရာတွေရော ”

“ ဟင်အင်း စားစရာတွေမလိုဘူး၊ သူ့အိမ်မှာ အကုန်ရှိတယ်ပြောတယ်၊ အကုန်စားလိုက်တဲ့၊ သူတို့ပြန်လာရင်မကောင်းတော့ဘဲ ပြစ်ရမဲ့ အတူတူ ငါ့ကို အကုန်စားခိုင်းတာ နေမှာ ”

မမလား သူ့အဒေါ်ကို ခုထိ အကောင်းမမြင်သေး

“ နောက်တခြားဘာလိုသေးလဲ မမ ”

“ ပျင်းရင် ကြည့်ရအောင် ရုပ်ရှင်လေး ဘာလေး ငှားလာ . . အဲ အဲ ”

မမက တစုံတခု ကို သတိရဟန်နဲ့ ဘေးဘီ နဲနဲကြည့်ပြီး တိုးတိုးလေး

“ နင်တို့ယောက်ကျားလေးတွေ ကြည့်တဲ့ အပြာကား ငှားလာပါလား ”

ကျနော် ရုတ်တရက် အံ့သြသင့်သွားတယ်၊ မမကို ကြည့်လိုက်တော့ မမက ကျနော့်လက်မောင်းကို အသာလှမ်းပုတ်ပြီး

“ ဟဲ့ ငါက ဗဟုသုတရအောင် ကြည့်မလို့ပြောတာ၊ နင်နော် နင် တလွဲလျှောက်မထင်နဲ့ ငါက တခါမှ ကြည့်ဘူးတာမဟုတ်တော့ မသိဘူး ”

“ အင်းပါ အင်းပါ၊ ကျနော်က ဘာပြောလို့လဲ စိတ်ချ စိတ်ချ ငှားလာမယ် ”

ကျနော်က ပြုံးပြီး ပြန်ပြောတော့

“ နင် နော် နင် နင် နင့်အပြုံးကို ငါမသိဘူးများ မှတ်နေလား ”

သူပြောမှ ကျနော် တဟားဟားနဲ့ ရယ်ဖြစ်တော့တယ်၊ ကျနော်ရယ်တော့ သူလဲ ရီတယ်။ထုံးစံအတိုင်း ညနေစောင်းတော့ ကားက ကြပ်တယ်။ ဒီတခါတော့ ကားပေါ်မှာ ကျနော်က မမရဲ့ တရားဝင်အထောက်တော်၊ မမကို အတင်းဆွဲကပ်ပြီး အားမနာပါးမနာ ထောက်ပြစ်လိုက်တယ်။ မမက ပြုံးပြုံးလေးနဲ့အတင်းတိုးကပ်ပြီးခံတယ်။ ဟီး ဟီး ကောင်းလိုက်တာ၊ ကားစီးလို့။

“ တွေ့လား ဟိုရှေ့နားကအိမ် ”

ခြံနဲ့၀ င်းနဲ့ အိမ်တွေချည်းမို့ ရပ်ကွက်က လူရှင်းတယ်။ စပ်စုပြီး သူများ ဘာလုပ်တယ်ဆိုတာလိုက်ကြည့်တဲ့သူမရှိ၊ အတော်ပေါ့။မမက သူ့အိပ်ထဲမှာ ပါလာတဲ့ သော့နဲ့ ခြံတံခါးဖွင့်တယ်။ ကျနော်က ခပ်တည်တည်နဲ့ သူ့ဘေးမှာ။

“ သူတို့က သော့တစုံ မမတို့အိမ်မှာ ထားထားတာလေ၊ အရေးကြုံရင် သုံးလို့ရအောင်တဲ့ ”

အရေးထဲ မမက သူသော့ဘယ်ကရကြောင်း ပြောပြနေသေးတယ်၊ ကျနော်ကတော့ အိမ်ထဲ မြန်မြန်ရောက်ချင်လှပြီ၊ ကားပေါ်မှာကတည်းက ရွလာတာမို့လား၊ ခု စရံနဲနဲသ ပ်ရ နည်းလား ဆိုတဲ့ အတွေးနဲ့ပေါ့။ခြံတံခါးကို ဖွင့်၊ ပြန်ပိတ်၊ ပြီးတော့ အိမ်တခါးကိုဖွင့်၊ အိမ်တံခါးကလဲ ၂ ဆင့်တောင်၊ သော့ဖွင့်နေတဲ့ မမကိုကြည့်ပြီး ကျနော့်ရင်က တဒုန်းဒုန်းနဲ့။ဟော ရွှေတံခါးကြီး ပွင့်သွားပါပြီခင်ဗျား။

“ ဒါ သူတို့အိမ် ”

“ လာ မမ ”

မမစကားမဆုံးခင် မမကို လက်ဆွဲလို့ အိမ်ရှေ့က ဆိုဖါပေါ် အတူသွားထိုင်လိုက်ပြီး မမကို အသာဖက်လိုက်တယ်။

“ ဘာကဲအုံးမလို့လဲ၊ တော်ကြာ ပြန်လာတာ နောက်ကျနေအုံးမယ် ”

“ ဟဲ ဟဲ မမကလဲ စရံနဲနဲ သတ်သွားမလို့ပါ၊ မမကိုယ် မွှေးမွှေးလေးကို တခါမှ ကောင်းကောင်းမရှုရသေးဘူး ”

ပြောပြောဆိုဆို မမပါးပြင် နှာခေါင်းတင်လိုက်တယ်။

“ အား မွှေးမှမွှေးဘဲကွာ ”

တဖက်နဲ့ အားမရ၊ ၂ ဖက်လုံး ဘယ်ပြန်ညာပြန်။မမက ပြုံလို့ မျက်လုံးလေးမှိတ်ပြီး ခေါင်းလေး မော့ထားတယ်။ ဘယ်နှစ်ကြိမ်မှန်းမသိ ဘယ်ပြန်ညာပြန်တရွှတ်ရွှတ် နမ်းအပြီးမှာ ဖူးနေတဲ့ မမနှုတ်ခမ်းပေါ် ကျနော့် နှုတ်ခမ်းက ကျသွားတော့မမဆီက အင်းဆိုတဲ့ အသံသဲ့သဲ့နဲ့ ကျနော့် ရင်ခွင်ထဲ ယိုင်ကျလာပြီး မမလက်က ကျနော့်လည်တိုင်ကို သိုင်းဖက်လိုက်တယ်။

ပထမ စစချင်းဆိုတော့ ၂ ယောက်စလုံး ရုတ်တရက် အဆင်မပြေ၊ နှုတ်ခမ်းအစုံကို ဟိုပြောင်းလိုက် ဒီရွှေ့လိုက်ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်နဲ့ တယောက်နဲ့ တယောက် စမ်းဝါးဝါး စခန်းသွား အပြီးမှာတော့ နောက်ဆုံးမှာကံအားလျှော်စွာဘဲ အံဝင်ဂွင်ကျ ဖြစ်သွားပါတော့တယ်။ 

အဲဒါနဲ့ တယောက်နဲ့ တယောက် ပိုသေချာအောင်မြဲနေတဲ့ နှုတ်ခမ်းအစုံကို ဖြုတ်လိုက် တပ်လိုက်နဲ့ ခနခန လေ့ကျင့်နေမိတော့တယ်၊ အံဝင်ဂွင်ကျ တပ်မိသွားတဲ့အခါတိုင်း မမဆီက အင်းကနဲ ညည်းသံလေး က လေ့ကျင့်မှုကို ပိုအကျိုးသက်ရောက်စေသလိုပါဘဲ။

တော်တော်ကြာကြာလေ့ကျင့်အပြီးမှာတော့ ၂ ယောက်စလုံး မောသွားလို့ မမက ကျနော့်ရင်ခွင်မှာ ခေါင်းမှီပြီးမှေးနေရင်းကနေ

“ ဇော် သွားတော့လေ တော်ကြာ ပြန်လာတာ နောက်ကျနေအုံးမယ် ”

“ ပြန်တောင် မပြန်ချင်တော့ဘူး မမရာ၊ မမက ချစ်စရာ အရမ်းကောင်းတာဘဲ ”

“ ခနတော့ ပြန်လိုက်ပါ ဇော်ရာ နော်၊ ပြန်ပြောထားတော့ ဇော်လဲ ဒီမှာနေရတာ စိတ်အေးတာပေါ့၊ ပြန်လာမှဇော့်သဘော၊ စိတ်ကြိုက် သဘောရှိ ဟုတ်ပလား ”

မမက ကျနော့်ရင်ဘတ်ကို သူ့လက်နဲ့ ပွတ်ကစားရင်း ပြောတယ်။

“ ခနလောက် နေပရစေအုံးမမရာ ၅ မိနစ် ၅ မိနစ် ”

“ အင်း ”

ကျနော့်အပြောကို မမကထောက်ခံတဲ့ အနေနဲ့ အင်းလိုက်ပြီး မျက်လုံးလေးအသာမှိတ်လို့ ကျနော့ရင်ခွင်ကနေခေါင်းလေးမော့ပေးတယ်။နှုတ်ခမ်းအစုံက အံဝင်ဂွင်ကျ ပြန်တတ်သွားပြန်တယ်။

“ အင်း . ”

မမဆီကဆွဲလွဲသံလေး။၅ မိနစ်ပြည့်လို့ ကတိအတိုင်းထွက်သာလာရတယ်၊ စိတ်က မမဆီမှာဘဲ ကျန်ခဲ့တော့တယ်။ ပြန်လာမှဇော့်သဘောတဲ့။ စိတ်ကြိုက်တဲ့ ဟီးဟီး။အဲ အဲ မမက နင်နဲ့ ငါနဲ့ပြောလိုက်၊ ညကတော့ ငါ့ကိုခေါ်တာ သူတဲ့။ ခုလဲ နင်နဲ့ငါနဲ့ ပြောနေရာကနေ ဇော်ဖြစ်သွားပြန်ပြီ၊ အင်းလေ ဘယ်လို ခေါ်ခေါ်ဘယ်လိုပြောပြောပေါ့၊ ငါက ငါဘဲဟာ။ တွေးရင်း အိမ်ကိုအမြန်ဆုံးနည်းနဲ့ ရောက်အောင် ပြန်ဘို့ ကြိုးစားလိုက်တယ်။

ခုနေများ အက်စီးဒင့် ဖြစ်ပြီး သေသွားလို့ကတော့ မမနားက ကျွတ်မှာမဟုတ်။အိမ်ပြန်ပြီး မေမေ့ကို ၂ ရက်လောက် သူငယ်ချင်းအိမ် သွားအိပ်မယ် ဆိုတာ ပြောလိုက်တယ်၊ ဒါကဒီလောက်အရေးမကြီး ခါတိုင်းလဲ ဒီလို ထွက်နေကျ။

အရေးကြီးတာက မမမှာတဲ့ ဗီဒီယို၊ ဝါသနာအရ စုဆောင်းတတ်တဲ့ သူငယ်ချင်း တယောက်ဆီ ပြေးပြီးသွားငှားရတယ်။ အရေးထဲ ဒီကောင်က လဘက်ရည်ဆိုင် သွားတယ်ဆိုလို့ လိုက်ရှာရသေးတယ်။လဘက်ရည်ဆိုင်မှာ လေကောင်းနေတဲ့ သူငယ်ချင်းကို တောင်းတောင်းပန်ပန် ဆွဲ ခေါ်ပြီး သူ့အိမ်မှာ သူစုဆောင်းထားတွေ သွားယူရတယ်၊ သူက ကောင်းတယ်လို့ ညွှန်းတာတွေ လိုရမယ်ရ ၁၀ ကားလောက်ဆွဲခဲ့လိုက်တယ်။

မမဆီ ပြန်ရောက်တော့ မှောင်စတောင်ပျိုးပြီ။ ခြံတခါးက ခေါင်းလောင်းလေးကို တီးလိုက်တော့ အသင့်စောင့်နေတဲ့ မမကအပြေးကလေး လာဖွင့် ပေးတယ်။

“ မောင် ပြန်လာပြီ၊ ရေအရင်စားမလား၊ ထမင်းအရင်ချိုးမလား မောင် ”

တီဗီထဲမှာ လာတတ်တဲ့ အငြိမ့်ထဲက လူရွှင်တော်တွေလို ပြုံးပြီးမမပျက်လုံးထုတ်တယ်။ မရီရပေမဲ့ကျနော့်ရင်ထဲမှာ တကယ်အမောပြေသွားတာက အမှန်။ပြုံးရင်း မမကို တင်းတင်းဖက်လိုက်ရင်း

“ မမကို အရင်စားမယ် ”

“ အယ် ဇော်ကလဲ ချွေးတွေသံတွေ နဲ့ဟာ၊ ရေချိုးလိုက်နော်၊ မမတောင် ရေချိုးပြီးပြီ၊ မမ ထမင်းပွဲ ပြင်ထားလိုက်မယ်၊ ဟင်းတွေ အများကြီးဘဲသိလား ”

မမကို သေချာကြည့်လိုက်တော့ မမက သူယူလာတဲ့ ညဝတ်အင်္ကျီလေးနဲ့၊ ရင်ချင်းအပ်ပြီး တအားဖက်ကြည့်တော့ မမရင်သားအိအိလေးက ကျနော့်ရင်မှာ လာကပ်တယ်၊ သေချာပါတယ် အောက်က ဘာမှ မပါတာ၊မမ အားလုံးအတွက် အဆင်သင့် ပြင်ထားတာပါလား၊

“ ရွှတ် ရွှတ် . . ဟူး ခုမှဘဲ အမောပြေသွားတယ် ”

ဖက်ထားရက်နဲ့ မမပါး ၂ ဖက် တရွှတ်ရွှတ်နမ်းပြီး အမောဖြေလိုက်တယ်။

“ ဒါ မမပြောတဲ့ ညဝတ် အင်္ကျီလား ”

မမက ခေါင်းငြိမ့်ပြတော့

“ အောက်က ဘာမှ မပါဘူး မှုတ်လား ”

ပြောလဲပြော ဖက်ထားတဲ့ လက်က တင်ပါး အိအိလေးကို စမ်းလိုက်တယ်၊

“ ဟိတ် ”

မမကလန့်ပြီး ဟိတ်လို့ အသံပြုရင်း ကျနော်စမ်းတဲ့ လက်ကို သူ့လက်နဲ့ လာကိုင်တယ်။

“ ဟီး ဟီး ဘာမှလဲ ပါဘူး ”

“ ကိုယ်တော် ဒါကိုဘဲ ကြိုက်တာမှုတ်လား ”

“ ဟီး ဟီး ”

“ တဟီးဟီးနဲ့ သဘောခွေ့မနေနဲ့ သွားရေသွားချိုးချည်၊ ရေချိုးခန်း မမလိုက်ပြမယ် ”

“ မမပြောတော့ ပြန်လာရင် သဘောရှိဆို ”

“ အာ ကွာ ဇော်က ချွေးတွေနဲ့ နံနံကြီး၊ ဒီမှာ သူများက ရေချိုးပြီး ဒေါ်လေး ရေမွှေးတွေနဲ့ သထားတာ၊ ဒီမှာနမ်းကြည့်ပါလား ”

မမက ပြောပြောဆိုဆို ရင်လေးကော့ပေးတော့ ကျနော့် ငုံ့နမ်းလိုက်တယ်။ မွှေးလဲမွှေး အိလဲအိ။

“ ဟား . . မွှေးလိုက်တာ ”

ဒီလောက်မွှေးပြီး ဒီလောက်အိနေတဲ့ နေရာကို နမ်းရတော့ ကျနော်မနေနိုင်၊တခါတည်း ထောင်လာပါရော။ အနမ်းရပ်လို့ မမကို အတင်းကပ်အောင်ဆွဲဖက်လိုက်ပြီး မမပေါင်ကြားကိုထောင်နေတဲ့ ဟာကြီးနဲ့ ထောက်ပြလိုက်တယ်

“ တွေ့လား ”

“ ကဲ ပြန်ပြီကွာ၊ သွားရေချိုး၊ ထမင်းစားမယ်ကွာ ပြီးမှ ဇော့်သဘော နော် နော် လာ လာ ”

မမအတင်း ဆွဲ ခေါ်ရာနောက် တန်းလန်းတန်းလန်းနဲ့ ပါသွားတယ်။

“ မမ၊ ကျနော့်ကို အရမ်းချစ်တာဘဲလား ”

“ ဇော်ကလဲ ကိုယ့်ကိုကိုယ် ဇော်လို့ ပြောစမ်းပါ ”

“ မမကလဲ ကျနော့်ကို နင်နဲ့ငါနဲ့ ပြောပြီး ”

“ ခစ် ဇော်ကလဲ မမက နင်နဲ့ ငါနဲ့ ပြောမှ အားရတာ၊ ခုလို ချစ်စိတ်တွေ တက်နေတဲ့ အချိန်မှာတော့ အဲလိုပြောမလား၊ ဇော်လဲ ကျနော် ကျနော်နဲ့ မပြောနဲ့ ဖီးလ် အောက်တယ် ”

ထမင်းစားပြီး ၂ ယောက်သား ဆိုဖါပေါ်မှာ ပူးပူးကပ်ကပ် တယောက်နဲ့ တယောက်ဖက်ရင်း တွတ်တီတွတ်တီပြောနေကြတယ်။စကားပြောလိုက် ညနေက တတ်ထားတဲ့ အတတ်ဆန်းသုံးပြီး တယောက်နဲ့ တယောက် နှုတ်ခမ်းချင်းထပ်လိုက်နဲ့ ကြည်နူးနေရင်း ကျနော့်စိတ်က ထိမ်းမရတော့

“ မမ အိပ်ခန်းထဲသွားရအောင်နော် ”

“ အင်း မမကို ချီ ”

မမက ခလေးလို လက်ကမ်းပေးတော့ ကျနော် ကမန်းကတန်းထပြီး မမကို ချီဘို့ပြင်တယ်။လုံချည်ရှေ့က ထောင်နေတဲ့ ဟာကြီးကိုမမမြင်တော့ ခစ်ကနဲရယ်ရင်း

“ ဇော်ကတော့ လွန်တယ်ကွာ ”

“ ဟီး . . အဲဒါ မမကြောင့် ”

အရှက်ပြေရယ်ပြီးပြောရင်း ထိုင်နေတဲ့ မမနောက်ကျောနဲ့ ဒူးအောက် လက်ထိုးပြီးဆွဲမလိုက်တယ်။

“ အိုး ”

မမက မကြွလာဘဲ ကျနော်သာအရှိန်လွန်ပြီး မမကိုယ်ပေါ် ထပ်လဲသွားတယ်။

“ ခစ် ခစ် ခစ် ခစ် အားလဲမရှိဘူး ”

“ အင်နာဂျီကို အလဟသ မသုံးချင်တဲ့ သဘောပါ မမရ ”

“ ဆင်ခြေကတော့ တကယ်ကောင်း၊ မနိုင်ရင် မနိုင်ဘူး ပြောတာမဟုတ်ဘူး ”

ပြောပြောဆိုဆို မမက ထရပ်တယ်။

“ နိုင်ပါတယ် မမရ ကဲ ကြည် ”

ပြောရင်း ထရပ်တဲ့ မမကို တင်ပါးအောက်က လက်နှစ်ဘက်နဲ့ သိုင်းပြီး ပွေ့ချီလိုက်တယ်။မမကိုယ်က မြောက်တက်လာတယ်၊

“ တွေ့လား ဘယ်မှာလဲ အိပ်ခန်း ”

“ အပေါ်ထပ်မှာ ဒေါ်လေးတို့ အခန်းထဲဘဲ သွားမယ် ”

မမကို ချီပြီး လှေခါးဆီကို ယိုင်ထိုးယိုင်တိုင်နဲ့ လျှောက်သွားတယ်။ မမက ပြုတ်မကျအောင် ကျနော့် လည်တိုင်ကို သူ့လက် နှစ်ဘက်နဲ့ တအားဖက်ထားတယ်။

စိတ်ထဲကတော့ ကိုယ့်ဟာကိုယ် အားပေးလိုက်တယ်၊ တောင့်ထား ငါ့ကောင် တောင့်ထား နီးပြီလို့၊ဘယ်လောက်အားပေးပေး ကီတွေက လက်နဲ့ ခါးမှာ စုပြုံပြီး သုံးလိုက်ရတော့ အောက်ကထောင်နေတဲ့ကောင်တောင် ခေါင်းငိုက်စိုက်ကျသွားပလားမသိ။လှေခါးဝရောက်တော့ တဆစ်ချိုးလှေခါးကို မော့ကြည့်ပြီး အမောဆို့သွားခိုက် မမက

“ ကဲပါ ချပါတော့၊ မမဖာသာတက်မယ်၊ တော်ကြာ လှေခါးပေါ်က ၂ ယောက်လုံးပြုတ်ကျမှ အခန်းထဲမရောက်ဘဲ ဆေးရုံရောက်နေအုံးမယ် ”

ကျနော်မငြင်း၊ မမကို အသာအောက်ချလိုက်တော့ မမကကျနော့်လက်မောင်းကိုဖက်ပြီး ပုခုံးပေါ်ခေါင်းမှီလို့ဘေးက လိုက်တက်လာတယ်။

မမပြောတဲ့ ဒေါ်လေးတို့ အိပ်ခန်းဆိုတဲ့ တံခါးကို တွန်းဖွင့်လိုက်တော့ဝိုး အပျံစားပါလား၊ တတောင်လောက် ဆိုဖာ မွေ့ယာကြီးနဲ့ ၂ ယောက်အိပ်ကုတင်၊ ခြင်လုံအိမ်မို့ထင်ပါရဲ့၊ခြင်ထောင်မရှိ၊ အိပ်ယာခင်းကလဲ အပျံစား၊ ပန်းရောင်ပေါ်မှာ ပန်းပွင့် တွေ နဲ့ ခေါင်းအုံးတွေကလဲ တထောကြီးစီလို့၊ ခွအုံးတလုံးကလဲ အလယ်မှာ၊ အားလုံးရေကန်အသင့်၊ ကြာအသင့်၊ နတ်သမီး အသင့်၊ ကောင်းလိုက်တဲ့ငါ့ကံ။

အိပ်ယာကြီးကို ကြည့်ရင်း ရင်တွေတဒိုင်းဒိုင်းတုန်ပြီး ဘေးက မမကို ဆွဲချီလိုက်တယ်။ မမက သာသာကလေးကျနော့်လက်ထဲမှာ စွေ့ကနဲ မြောက်ပါလာတယ်။ စောစောက လို မလေးတော့၊ မမကိုယ်က ပေါ့ပေါ့လေး။ကုတင်ဘေးကို ခြေလှမ်းကြဲကြီးနဲ့ လှမ်းလာခဲ့တယ်၊ စောစောက ယိုင်တိုင်ယိုင်တိုင် တောင် ဘယ်ရောက်သွားမှန်းမသိ။

ကုတင်ဘေးကိုရောက်တော့ အသာလေး မမကို ကုတင်ပေါ်မှာ လှဲ ခ်လိုက်တယ်၊မမက ကုတင်ပေါ်မှာ ကျနော် ချထားတဲ့ အတိုင်းလဲလို့၊ ညဝတ်အင်္ကျီလေးက ဒူးအထက်လောက်ကို လန်ပြီးခြေထောက်က၂ ဖက်ကဘေးကို ကွေးကွေးလေးစောင်းလို့၊ လက် ၂ ဘက်က ကားပြီး အပေါ်ကို သာသာလေးမြှောက်လို့၊

ကျနော် ကုတင်ဘေးမှာ ရပ်ပြီး မမကို ကြည့်ရင်း အသိစိတ်တွေပျောက်လာသလိုဘဲ။ ရင်တွေ တဒိန်းဒိန်းတုန်ပြီးအာခေါင်တွေပူလာတယ်။ အပူဒါဏ်ကြောင့် မျက်လုံးတွေလဲ တဝင်းဝင်းနဲ့ နီရဲလာသလားတောင်မသိဘူး၊ သက်သာလို သက်သာငြား တံတွေးကို ဂလုကနဲ မြိုချလိုက်တယ်။ကျနော့်ပုံကိုကြည့်ပြီး မမက

“ ဘာကြည့်နေတာလဲ မမရှက်တယ် ”

လို့ နွဲ့နွဲ့လေးပြောရင်း သူ့မျက်နှာကို လက်ဝါးနဲ့ အုပ်လိုက်တယ်။ အတော်ဘဲဖြစ်သွားတာပေါ့၊ မမ မျက်စိပိတ်တော့ ကျနော် ကမန်းကတန်း ဝတ်ထားတဲ့ စွပ်ကျယ်ကို ဆွဲချွတ်၊ လုံချည်ကို ဂွင်းလုံး ဖြေချလိုက်ပြီး ကုတင်ပေါ်က မမဘေး ကို ဝုန်းကနဲ ဒိုင်ဗင် ထိုးချလိုက်တယ်။

ရေကူးကန်ထဲ ဒိုင်ဗင်ထိုးချလိုက်သလို လူက ဘွမ်းဆိုပြီး မမြုတ်သွား၊ မမကိုကျော်ပြီး မမဘေးမှာ လူက မြောက်ကြွမြောက်ကြွ နဲ့တင်နေတယ်၊ မွေ့ယာကြီးက တယ်ကောင်းတကိုး။မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ရှက်နေတဲ့ မမကို အတင်းလှမ်းဖက်လိုက်တော့ မမက လက်ချောင်းလေးဖြဲပြီးလက်ချောင်းကြားက ခိုးကြည့်တယ်။

“ အရမ်းချစ်တာဘဲ မမရယ် ”

အာခြောက်သံကြီးနဲ့ ပြောရင်း အုပ်ထားတဲ့ လက်ပေါ်ကို နှုတ်ခမ်းလေး တင်လိုက်ရင်း လက်က မမရဲ့ ညဝတ်အင်္ကျီကြယ်သီးအပေါ်ဆုံး တလုံးကို ကိုင်လိုက်ပြီးဖြုတ်လိုက်တယ်။

တလုံး၊

နှစ်လုံး၊

သုံးလုံး အပြုတ်မှာ ခေါင်းထောင်ကြည့်လိုက်တော့ ဟနေတဲ့ အင်္ကျီအောက်က အသားဝင်းဝင်းလေး၊လူက မောသထက် မောလာသလိုဘ၊ဲ အင်္ကျီကို အသာလေး ဆွဲဟပြီး ပေါ်လာတဲ့ မို့ဖေါင်းဖေါင်း အသားဝင်းဝင်းလေး ထိပ်က နီရဲရဲ အဖူးလေးကို ပါးစပ်နဲ့ အသာငုံလိုက်တယ်။

“ ဟင်း . . . . ဇော်ရယ် ”

မမဆီက တီးတိုးအသံနဲ့အတူ မျက်နှာအုပ်ထားတဲ့ သူ့လက် ၂ ဖက်က ကျနော့် ခေါင်းကို လာဖက်တယ်။ကောင်းလိုက်တာ၊ ဘယ်လိုကောင်းမှန်းမသိ၊ လူမှန်းသိတတ်ကတည်းက ပထမဆုံးစို့ဘူးတဲ့ ချိုချိုဘဲ။မကောင်းဘဲနေပါ့မလား၊ တပြွတ်ပြွတ်နဲ့ စို့လို့ကိုမဝ၊မမဆီက ငြီးသံနဲ့ အတူ `ဇော် . . နာပြီကွာ´ လို့ တိုးတိုးလေးကြားလိုက်ရတိုင်း တဖက်ကို ပြောင်းစို့တယ်၊

ဘိုက်ကတင်းမသွား၊ နို့မှ မထွက်ဘဲကိုး၊ ၃ – ၄ ခါလောက် ပြောင်းအပြီးမှာတော့ လက်က ဖြုတ်လက်စကြယ်သီးဆီ ပြန်ရောက်သွားပြီး တလုံးပြီး တလုံး ဆက်တိုက်ဖြုတ်ပြစ်လိုက်တယ်။ဟိုး ရင်ကနေ ဒူးလောက်ထိ စီတတ်ထားတဲ့ ကြယ်သီးတွေကို အကုန်ဖြုတ်အပြီးမှာတော့ အင်္ကျီက မမကိုယ်ကနေ ဟပြီး ဘေးကျသွားတယ်။

ခေါင်းထောင်ကြည့်ဘို့ ကြိုးစားပေမဲ့ မမလက်က ကျနော့်ခေါင်းကို အတင်းဖက်ပြီး သူ့ရင်ခွင်ထဲ ဖိထားတာမို့ကြွလို့မရ၊ ဒါကြောင့် အားနေတဲ့ လက်နဲ့ဘဲ တဖြေးဖြေး လိုက်စမ်းရတယ်။စကားအလွန်များတဲ့ ကျနော်တို့ ၂ ယောက် ဘာစကားမှ မပြောဖြစ်၊ အရာရာကို အလုပ်နဲ့ ဘဲ သက်သေပြနေကြတယ်။

အမို့တွေ အချိုက်တွေ လွင်ပြင်တွေကို လက်က စမ်းရင်းက အောက်ကိုဖြေးဖြေးဆင်းလာတော့ နုနုလေးပေါက်နေတဲ့ အမွေးတွေစမ်းမိတယ်၊ ဖွဖွ လေးအမွေးတွေကို ပွတ်ကစားရင်း လက်ကို အောက်ဘက်နဲနဲ တိုးစမ်းလိုက်တဲ့အခါမှာတော့ ခပ်ချွဲ ချွဲအ ရည်တွေနဲ့ စိုစွတ်နေတဲ့ နေရာကို အသာစမ်းမိလိုက်တယ်။

စမ်းလဲစမ်းမိရော မမဆီက အင်း ကနဲ အသံထွက်လာတယ်။ အဲဒါဘဲ ဟုတ်တယ်၊ ဟုတ်တယ် လု့ိ ပြောချင်တာလားမသိ၊ချက်ချင်း ကြားဘူးနားဝနဲ့ကျနော် သဘောပေါက်သွားတယ်။


အပိုင်း ( ၂ ) ဆက်ရန် >>>



Print Friendly and PDF

No comments:

Post a Comment